အ.ထ.က (မိုးညို) ၌ (၅၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာလှည့်လည်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က (မိုးညို) ၌ (၅၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာလှည့်လည်ပွဲကျင်းပ




မိုးညို  ၊ အောက်တိုဘာ ၂၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ရှိ အ.ထ.က (မိုးညို) ၌ (၅၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူ‌တော်မင်္ဂလာလှည့်လည်ပွဲကို ယနေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


မဟာဘုံကထိန်အလှူတော်မင်္ဂလာလှည့်လည်ပွဲကျင်းပြုလုပ်ရာတွင် အ.ထ.က (မိုးညို) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ငွေပဒေသာပင်များကို ကိုင်ဆောင်၍ အိုးစည်၊ ဒိုးပတ်အကအခုံများ၊ ကျောင်းသားကျောင်းသူလေးများ၏အကအလှများဖြင့် မြို့‌ပေါ် (၅) ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်၍ ဇောတိကရပ်ကွက်ရှိ သဲနုံးကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။


အဆိုပါ ကထိန်အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို သဲနုံးကျောင်းတိုက်၌ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ််ကြောင်းသိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)