အောက်တိုဘာ - ၂၇ ( တနင်္လာနေ့ )
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး ဒုံးကျည်များ၊ အီလက်ထရွန်နစ် ထောက်လှမ်းရေးစနစ်များ နဲ့ ကုန်းရေနှစ်သွယ် ရေယာဉ်များ ဝယ်ယူရေးအတွက် ဒေါ်လာ ၈.၈ ဘီလီယံ အသုံးစရိတ် အစီအစဉ်ကို အတည်ပြုလိုက်ပြီ လို့ သိရပါတယ်။
အဲ့ဒိအဆိုပြုချက်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာကွယ်ရေးပစ္စည်းဝယ်ယူရေးကောင်စီ (DAC) အစည်းအဝေးတွင် ရှင်းလင်းခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
DAC က ရေတပ်အတွက် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ဖို့နဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး စစ်ဆင်ရေးအတွက် ၃၀ မမ ရေယာဉ်တင်သေနတ်များ၊ ရန်သူ့ရေငုပ်သင်္ဘောများကို ပစ်ဖို့ ကာကွယ်ရေး သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တီထွင်ထားတဲ့ ပြည်တွင်းထုတ် အဆင့်မြင့် အပေါ့စားတော်ပီဒိုများ ပါဝင်ပါတယ်။
ရန်သူတိုက်ခိုက်ရေးယာဉ်များ နဲ့ ခံတပ်များကို ဖျက်ဆီးနိုင်တဲ့ Nag ခြေရာခံဒုံးကျည်စနစ်များ၊ ရန်သူလှုပ်ရှားမှုများကို တစ်ပတ် ၇ရက်လုံး စောင့်ကြည့်နိုင်တဲ့ မြေပြင်အခြေစိုက် မိုဘိုင်းအီလက်ထရွန်နစ် ထောက်လှမ်းရေးစနစ်များ နဲ့ မတူကွဲပြားသော နယ်မြေဒေသများတွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့များ တိုးတက်ကောင်းမွန်လာစေရန် အဆင်မြင့် ရွေ့လျားမှုယာဉ်များကိုလည်း ဝယ်ထားပြီးပြီ လို့ ဆိုပါတယ်။
ဩဂုတ်လတွင် နယူးဒေလီသည် ဘရာမော့စ် ဒုံးပျံများနှင့် လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်များ အပါအဝင် ဒေါ်လာ ၇.၆ ဘီလီယံခန့် တန်ဖိုးရှိ ကာကွယ်ရေးဝယ်ယူမှုများကို အတည်ပြုခဲ့ပြီး အခြားရှိပြီးသား ပလက်ဖောင်းများသို့ အဆင့်မြှင့်တင်မှုများလည်း လုပ်ခဲ့ပါတယ်။
မတ်လတုန်းကလည်း DAC က ဒေါ်လာ ၆.၂၆ ဘီလီယံထက်ကျော်လွန်သော လက်နက်နှင့် စက်ပစ္စည်းများ ဝယ်ယူမှုအတွက် ကနဦးခွင့်ပြုချက် ရခဲ့ပါတယ်။ အဆိုပြုဝယ်ယူမှုတွင် အိန္ဒိယစစ်တပ်ရဲ့ ရုရှားလုပ် T-90 တိုက်ပွဲတင့်ကားများအတွက် အဆင့်မြှင့်တင်ထားသောအင်ဂျင်များ၊ ရေတပ်အတွက် နောက်ထပ် ရေငုပ်သင်္ဘောဖျက်တော်ပီဒိုများနှင့် လေတပ်အတွက် ကြိုတင်သတိပေးချက်နှင့် ထိန်းချုပ်မှုစနစ်များ ပါဝင်ပါတယ်။
REF: RT
ttps://t.me/MyanmarNationalPost

No comments:
Post a Comment