အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များနဲ့ ပို့ကုန်များ မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံသည် အာဂျင်တီးနားအတွက် အဓိကကုန်သွယ်ဖက်ဖြစ်လာပြီး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ အထိ ရောက်လာနေကြောင်း သိရပါတယ်။
တရုတ်- အာဂျင်တီးနာ ကုန်သွယ်ရေး တိုးတက်လာရတဲ့အကြောင်းကတော့ အာဂျင်တီးနား သမ္မတဂျေဗီယာမိုင်းလိုင် ဦးဆောင်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ပံ့ပိုးကူညီရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးမှ ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ငွေကြေးလဲလှယ်မှုတစ်ရပ်ကို သဘောတူညီခဲ့သည့်အခါ နှစ်နိုင်ငံကြား ဆက်ဆံရေးက အချေအတင် ဖြစ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က အင်္ဂါနေ့တွင် X (အိပ်စ်) လူမှုကွန်ယက်ပေါ်မှ အာဂျင်တီးနားဗဟိုဘဏ်နှင့် လက်မှတ်ရေးထိုးသော သဘောတူစာချုပ်ကို "ဘဏ္ဍာရေးချေးငွေထုတ်ပေးခြင်း မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်သည့် တံတား" အဖြစ် ကြေညာခဲ့တာပါ။
"လက်တင်အမေရိကတွင် နောက်ထပ် ဆုံးရှုံးပျက်စီးမည့် နိုင်ငံတစ်ခု မဖြစ်လာစေလိုပါ။ ကောင်းမွန်သော အိမ်နီးချင်းတစ်နိုင်ငံအဖြစ် ခိုင်မာတည်ငြိမ်သော အာဂျင်တီးနားနိုင်ငံရှိခြင်းသည် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာရှုထောင့် အကျိုးစီးပွားများတွင် ရှင်းလင်းစွာ အကျုံးဝင်နေပါတယ်"လို့ သူက ဆိုပါတယ်။
ယခင်က ဘဏ္ဍာရေးဝန်ကြီးသည် အာဂျင်တီးနားတွင် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို ကန့်သတ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အထူးသဖြင့် ဆိပ်ကမ်း၊ စစ်ဘက်အခြေစိုက်စခန်းနှင့် စောင့်ကြည့်ရေးစခန်းများကဲ့သို့သော မဟာဗျူဟာကျသည့် နေရာများတွင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရှင်များရဲ့ သုံးသပ်ချက်အရ တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် တဖြည်းဖြည်းကြီးထွားလာပြီး အဓိက ချေးငွေပေးသူလည်း ဖြစ်လာပါတယ်။ အဲ့ဒိအချက်ကြောင့်ပဲ အာဂျင်တီးနားကို တရုတ်နဲ့ အဆက်ဖြတ်ဖို့က ခက်ခဲနေမှာပါလို့ သိရပါတယ်။ စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲအရ၊ တရုတ်နိုင်ငံသည် အာဂျင်တီးနားတွင် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ စီမံကိန်း ၁၀ ခုကို ဆောင်ရွက်ဆဲ အဆင့်အမျိုးမျိုး နဲ့ ရှိနေတယ်လို့ သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment