မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ကြေညာချက်


 

မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၁၁)ရက်

၂၀၂၅ ခုနှစ် အောက်တိုဘာလ( ၂ )ရက် (ကြာသာပတေးနေ့)

စာအမှတ် ။ ။ ၃/မ.ခ.သ.၂၀၂၅

၁။ ပျဉ်မနားမြို့နယ် ဘောဂဝတီရပ်ကွက်၌ ဆောက်လုပ်မည့် ဆွန်နီ၊ ရှီးယားမွတ်စလင်ဘာသာရေး ဗလီ ဆောက်လုပ်မြေနေရာချထားပေးမှုနှင့် ပတ်သက်၍ အမျိုး ဘာသာ သာသနာအတွက် စိုးရိမ်နေကြသော ဒေသခံပြည်သူများနှင့်အတူ  နေပြည်တော်ကောင်စီနယ်မြေအတွင်း မလိုလားအပ်သော ဘာသာရေး ပဋိ ပက္ခဖန်တီးမှု၊ လူမျိုးရေးပဋိပက္ခ မပေါ်ပေါက်စေရန် နေပြည်တော်အမျိုးသားရေးအဖွဲ့ ဦးဆောင်ဆရာတော် (၆)ပါး က လက်မှတ်ရေးထိုး၍ ကန့်ကွက်စာကို နိုင်ငံတော်အကြီးအကဲများထံ မေတ္တာရပ်ခံ တင်ပြ ထားကြောင်း သိရှိရသည့်အတွက် မိမိတို့ မျိုးချစ်သမဂ္ဂ မွန်ပြည်နယ် အနေနဲ့ နေပြည်တော်အမျိုးသားရေး အင်အားစုများနှင့် သဘောထားထပ်တူညီမျှ ရှိနေပါသည်။

၂။ မြန်မာနိုင်ငံတော် တာဝန်ရှိ အကြီးအကဲများ အနေနဲ့ ပျဉ်မနားမြို့နယ် ဘောဂဝတီရပ်ကွက်၌ ဆွန်နီ၊ ရှီးယားမွတ်စလင်ဘာသာရေးဗလီ ဆောက်လုပ်မြေနေရာချထားပေးမှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများက နှလုံးစိတ်ဝမ်းမအေးချမ်းမှု ဖြစ်နေကြရသည့်အတွက် နိုင်ငံတော်နှင့် လူမျိူး အကျိုးနဲ့ နိုင်ငံံတော်၏ ရေရှည်လုံခြုံရေး တစ်နည်းအားဖြင့် အမျိုးသားလုံခြုံရေးနဲ့ ဆက်စပ်နေမှုကို မျှော်တွေးပြီး ၁၉၈၂ ဘာသာခြားများ အဆောက်အဦး ဆောက်လုပ်ခွင့်ရ ဥပဒေကို သတိမူ၍ ဗလီဆောက်လုပ်ခြင်းများနှင့် ၎င်းအတွက် မြေနေရာများချထားပေးခြင်းအပေါ် ပြန်လည်ရုပ်သိမ်းပေးပါရန် မိမိတို့ မျိုးချစ်သမဂ္ဂ မွန်ပြည်နယ်မှ မေတ္တာရပ်ခံ သဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။


မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)