အောက်တိုဘာ - ၂၁ ( အင်္ဂါနေ့ )
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်၊ ပို့လန်မြို့က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိထားတဲ့ ထိန်းသိမ်းရေးစခန်းအပြင်ဘက်မှာ ဆန္ဒပြသမားတွေနဲ့ ရဲတွေ မနေ့က အကြီးအကျယ် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဖက်ဒရယ်အေးဂျင့် ဆန့်ကျင်ရေးသမား (အန်တီဖာ) အနက်ရောင်ဝတ် အဖွဲ့ဝင်များ ပါဝင်တဲ့ ဒေါသထွက်နေသော လူအုပ်ကြီးက ရဲတပ်ဖွဲ့ဝင်တွေကို မီးရှူးမီးပန်းများ နဲ့ ပစ်လွှတ်ပြီးတိုက်ခိုက်ခဲ့သလို ရဲတွေက မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းဘောလုံးများဖြင့် တုံ့ပြန်ခဲ့ပါတယ်။
အဲ့ဒိစခန်းအပြင်ဘက်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဆန္ဒပြသူများသည် စည်းဝေးပွဲများကျင်းပကာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) ရဲ့ ဝင်ပေါက်ကို ပိတ်ဆို့ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနဲ့ နှိမ်နင်းမှုကို ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံတစ်ဝှန်းမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ဘုရင်အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်များ ကိုင်စွဲကာ ထရမ့်အစိုးရအဖွဲ့ကို အုံနဲ့ကျင်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ မနေ့ကတော့ ဖက်ဒရယ်အယူခံ တရားရုံးက ထရမ့်အစိုးရကို ဆူပူသောင်းကျန်းနေတဲ့ ဒီမိုကရက်တစ်ပါတီတွေ ကြီးစိုးတဲ့ မြို့တွေမှာ မြို့စောင့်တပ်တွေချထားဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီမိုကရက်ပါတီကြီးစိုးသော မြို့များတွင် အဓိကရုဏ်းများနှင့် ရာဇ၀တ်မှုများကို တားဆီးရန် လိုအပ်တယ်လို့လည်း သမ္မတက စောဒကတက်ခဲ့ပါတယ်။
အော်ရီဂွန် ရှေ့နေချုပ် ဒန်ရေးဖီးဒ် က တရားရုံးရဲ့ စီရင်ချက်က တရားမျှတမှု ကင်းမဲ့ပြီး တိုင်းပြည်ကို အန္တရာယ်ရှိသော လမ်းကြောင်းပေါ်ကိုရောက်အောင် ပို့နေတယ်လို့ ပြောခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment