ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ




ကျောက်တန်း   ၊ အောက်တိုဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျုံကန်ကျေးရွာအုပ်စုရှိ မိုးစပါးဧက( ၁၀၀. ၀၀)စံပြစိုက် ခင်း၌ ယမန်နေ့မွန်းလွဲ  ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရန်နိုင်ဝင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးနီဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်၊ ဒုတိယဗိုလ်မှူးကြီးတင်ကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်ဗိုလ်မှူးချမ်းမြေ့ဦး၊ တိုင်း/ခရိုင်မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ခရိုင်/မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၊ စုစုပေါင်းအင်အား(၅၀)ကျုံကန် ကျေးရွာအုပ်စုရှိ မိုးစပါးဧက (၁၀.၀၀)စံပြကွက်၌ တောင်သူ ဦး​ဝင်း​မြင့် ပိုင်ဆိုင်သော ကွင်းအမှတ် (၆၃၈B)၊ ဦးပိုင်အမှတ်(၃၄)၊ ဧရိယာ(၅.၀၀)ဧကတွင် ဘောင်စနစ်ဖြင့် ပျိုး​ထောင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးမျိုးအား  Y methad နည်းစံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက်နှုန်း (၁၂၇.၅၀) တင်း၊ အခြောက်အထွက်နှုန်း (၁၂၄.၂၅ )တင်း  ထွက်ရှိကြောင်း သိရသည်၊၊


နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)