ကျောင်းပြင်ပ ပညာရေး ကျောင်းသား/သူများ ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းပြင်ပ ပညာရေး ကျောင်းသား/သူများ ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုလေ့လာ









ထားဝယ်၊ အောက်တိုဘာ ၁၇

ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများအနေဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင်   ပြင်ပဗဟုသုတများတိုးပွားစေရေးနှင့်  ပြင်ပစာပေများကိုပါ   လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ မှ ဦးဆောင်၍ ကျောင်းပြင်ပ ပညာရေးကျောင်းသား/သူများ က ထားဝယ်တက္ကသိုလ်သို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက် ကြည့်ရှု လေ့လာသည်။

ဦးစွာ ကျောင်းသား/သူများအား ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦး၊ ဒုတိယပါမောက္ခချုပ် နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ က နွေးထွေးပျူငှာစွာကြိုဆိုပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ထို့နောက် ကျောင်းသား/သူများက သာသာရပ်ဌာနအသီးသီးရှိပြခန်း(၁၀)ခန်းအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုပြီးလေ့လာမှတ်သားကာ သာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများ က ဘာသာရပ်ဆိုင်ရာ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ဘာသာရပ်တစ်ခုချင်းအလိုက် လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ကျောင်းသား/သူများ၊ ဆရာ/မများ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေ ရည်ရွယ်၍ ဖွင့်လှစ်ထားရှိသည့်  စာကြည့်တိုက်အား ကျောင်းသား/သူများက ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများက ကျောင်းများတွင် ပြုလုပ်ကျင်းပပေးနေသည့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် သိရှိ လိုသည် များကိုမေးမြန်းရာ သက်ဆိုင်ရာဌာနမှူး က ပြန်လည်ဖြေကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူး က ကျောင်းသား /သူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများ ရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားပြီး လောင်းလုံးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများ အား ထားဝယ်တက္ကသိုလ် က နေ့လည်စာ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)