ရွှေတောင်မြို့နယ်တွင် Mytel ဆက်သွယ်ရေးကုမ္မဏီမှဆိုလာစနစ်လမ်းမီးတိုင်( ၂၀) တိုင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် Mytel ဆက်သွယ်ရေးကုမ္မဏီမှဆိုလာစနစ်လမ်းမီးတိုင်( ၂၀) တိုင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ





ရွှေတောင်၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါကျေးရွာအုပ်စု စကားမြားကျေးရွာမှ ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပြိုမှုကြောင့် ကျောက်ထရံကျေးရွာအုပ်စုအတွင်း စကားမြားကျေးရွာသစ်သို့ ပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ ( ၉၂) အိမ်၊ အိမ်ထောင်စု ( ၉၂)  စုနှင့် ကျောက်ထရံကျေးရွာအုပ်စု၊ လက်ပံကပ်ကျေးရွာရှိအိမ်ခြေ ( ၇၁) အိမ်၊ အိမ်ထောင်စု ( ၇၁)  စုတို့အတွက်Mytel ဆက်သွယ်ရေးကုမ္မဏီမှဆိုလာစနစ်လမ်းမီးတိုင်( ၂၀)  တိုင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်မှ ဒေသခံပြည်သူများအတွက် ဆိုလာစနစ်လမ်းမီးတိုင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ၊ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် Mytel ဆက်သွယ်ရေးကုမ္မဏီတာဝန်ရှိသူတို့မှ ဆိုလာစနစ်လမ်းမီးတိုင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနာသို့ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ Mytel ဆက်သွယ်ရေးကုမ္မဏီတာဝန်ရှိသူများ၊ရွှေဟင်္သါကျေးရွာအုပ်စု၊ကျောက်ထရံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)