မြိတ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြီး မှုခင်းများကို ဖော်ထုတ်ဖမ်းဆီးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြီး မှုခင်းများကို ဖော်ထုတ်ဖမ်းဆီးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု




မြိတ်   ၊ အောက်တိုဘာ ၁


(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် အောက်တိုဘာ ၁ ရက်နေ့နံနက် (၉) နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီး မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

မြိတ်ခရိုင်အတွင်း အမှုကြီး (၁၀) မျိုး မှုခင်းဖြစ်ပွားမှုအနေဖြင့် (၂၀၂၄) ခုနှစ်၌ လူသတ်မှု (၂၂) မှု၊ မုဒိမ်းမှု (၇) မှု စုစုပေါင်း (၂၉) မှု၊ (၂၀၂၅) ခုနှစ်တွင် ယနေ့အထိ လူသတ်မှု (၁၀) မှု၊ မုဒိမ်းမှု (၆) မှု၊ စုစုပေါင်း (၁၆) မှု ဖြစ်ပွားခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် (၂၀၂၄) ခုနှစ်တွင် (၁၃၃) မှု၊ တရားခံ (၂၀၀) ဦး၊ (၂၀၂၅) ခုနှစ်တွင် ယနေ့အထိ (၁၀၀) မှု၊ တရားခံ (၁၅၄) ဦးကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

အခမ်းအနားတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး ရဲချုပ်ထံမှပေးပို့သော (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနုက ဖတ်ကြားသည်။

ထို့နောက် မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲအရာရှိများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး အခမ်းအနားအပြီး၌ ခန်းမအတွင်း ပြသထားသည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပညာပေးပြခန်းအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)