သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

 



သရက်ချောင်း  ၊အောက်တိုဘာ ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ)တီတွတ်ပြင်ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးဦးက ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစုခြင်း မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားဆိုးကျိုးများ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ သစ်တောထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိူင်မှုနှင့် ကြိုတင်ကာကွယ်ခြင်းအကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ‌ဟောပြောချက်များအပေါ် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးဦးက ပြန်လည်ဖြေကြားပြီး‌နောက် စိမ်းလန်းစိုပြေရေး အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ အ.ထ.က(ခွဲ)တီတွတ်ပြင်ကျောင်းမှ တာဝန်ခံ ဆရာကျော်ဇင်လတ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


ပြည့်ဖြိုးပိုင်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)