ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ပထမအကြိမ် ကပ်ထားကြေညာထားရှိရာ တာ၀န်ရှိသူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ပထမအကြိမ် ကပ်ထားကြေညာထားရှိရာ တာ၀န်ရှိသူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ



ရန်ကင်း၊ အောက်တိုဘာ ၁၃

သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရာ နေ့စဉ်နံနက် ၇ နာရီမှ ည ၉ နာရီအချိန်အထိ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်  မဲဆန္ဒရှင်ပြည်သူများ စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ရာ လာရောက်ကြည့်ရှုနိုင်ရေး နေ့စဉ်နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အအလက်များ မှားယွင်းနေလျှင် ပုံစံ(၄ဂ)ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်းနှင့် လိုအပ်သည်များကိုလည်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှလှထွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)