ပုလောမြို့နယ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့် စုပေါင်းပဒေသာပင်(၄၅)ပင်ကို မဲဖေါက်၍ ဆက်ကပ်လှုဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့် စုပေါင်းပဒေသာပင်(၄၅)ပင်ကို မဲဖေါက်၍ ဆက်ကပ်လှုဒါန်း




ပုလော  ၊ အောက်တိုဘာလ ၁၃


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဌာနဆိုင်ရာများနှင့် ရတနာမိုးပါရမီရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့၊ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ပုလောမြို့အရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝါယမထံမှ ရှစ်ပါးသီလခံယူတည်ဆောက်ပြီး ကထိန်အနုမောဓနာ တရားတော်ကို နားယူ၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရတနာမိုးပါရမီရှင်များနှင့် ပြည်သူများက ကထိန်လျာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်ကို ကြွရောက်ချီးမြှင့်ကြသည့် ပုလောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ပုလောမြို့နယ်မှ မန္တလေးနှင့် မေမြို့များတွင် ရောက်ရှိ နေသော စာသင်သံဃာတော်များကို ဌာနဆိုင်ရာများ ပဒေသာပင် (၂၂) ပင် ငွေသားနှင့် ပစ္စည်းတန်ဖိုး ၁၉၈၁၄၆၀၀ ကျပ်၊ ရပ်ကွက်နေပြည်သူ ပဒေသာပင် (၂၃)ပင် ငွေသား ၅၇၇၁၀၀၀ကျပ် စုစုပေါင်း ငွေကျပ် ၂၅၅၈၅၆၀၀/- ကို မဲဖောက်၍ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။


ပုလော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)