သထုံ၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရွှေကျောင်းကြီးကျောင်းတိုက်၌ တည်ထားကိုးကွယ်သည့် သဲပုံစေတီတော် ဗုဒ္ဓပူဇနိယအထိမ်းအမှတ် စုပေါင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယမန်နေ့ ညနေက အဆိုပါသဲပုံစေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပရိတ်တရားတော်နာယူရာတွင် ဆရာတော်သံဃာတော်များထံမှ ဒုံဝန်းကျေးရွာသူကျေးရွာသားများက သီလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ စုပေါင်းနာယူခြင်း၊ သံဃာတော်များထံ လှူဖွယ်များဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုကုသိုလ်အစုစုတို့အား ရေစက်သွန်ချအမျှဝေပေးကြခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါသဲပုံစေတီဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော် စုပေါင်းနာယူခြင်းကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့၌ ကျင်းပလေ့ရှိပြီး သဲပုံစေတီတော်အား ရွှေကြာသင်္ကန်းတော်ဆက်ကပ်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြလေ့ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment