ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း




ကျောက်ဆည် ၊ အောက်တိုဘာ ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်/ မိုးရေသောက်စနစ်ဖြင့် မိုးသီးနှံမျိုးစုံစိုက်ပျိုးထားရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မှိုင်းပန်ကျေးရွာ၌ တောင်သူဦးမြင့်မွှေးစိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ဝါစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ မြို့နယ်တာဝန်ရှိသူများ၏ ဝါစိုက်ပျိုးခြင်းနည်းစနစ်များအတိုင်း မြေအစိုဓာတ်ရရှိချိန်၌ တစ်ဧကသတ်မှတ်အပင် ပြည့်မီစွာဖြင့် အကွာအဝေးမှန်စွာဖြင့် စတင်စိုက်ပျိုးပြီး အပင်သက်တမ်း(၂၀)ရက်မှ(၂၅)ရက်သားတွင် စိုက်ကျင်းတစ်ကျင်းတွင် သန်မာသည့် အပင်နှစ်ပင်ချန်၍ သားခွဲပေးကြောင်း၊ ရက်ပေါင်း(၄၀)နီးပါး အပိန့်စဝင်ချိန်နှင့် ပန်းပွင့်စပွင့်ချိန်၌ ယူရီးယားအိတ်ဝက်နှင့် ကွန်ပေါင်းအိတ်ဝက်ရောစပ်ပြီး အပင်ခြေများတွင် ဖျန်းပက်ကာ မြေအစိုဓာတ်ရရှိအောင် ရေသွင်းပေးကြောင်း၊ ဝါပင်သက်တမ်း(၅၀)ရက်အထိ စုပ်ပိုးကာကွယ်ဆေး(၂)ကြိမ်နှင့် ဝါဂွမ်းပိုးနီနှင့် ရွတ်လိပ်ရွက်စားပိုး ကာကွယ်ဆေး(၂)ကြိမ်ဖျန်းခြင်းများ ဆောင်ရွက်ကြောင်း တောင်သူဦးမြင့်မွှေးက ပြောပြသည်။


ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများကို မှိုင်းပန်ကျေးရွာအုပ်စု၌တွင် (၃၇၅)ဧက၊ သင်္ဂတုံကျေးရွာအုပ်စု၌ (၂၃)ဧက၊ ကလေးကျေးရွာအုပ်စု၌ (၁၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စု၌ (၁၀)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စု၌ (၅၀၂)ဧက၊ ရဲယမန်းကျေးရွာအုပ်စု၌ (၉၄၆)ဧကနှင့် အခြားကျေးရွာအုပ်စုများရှိ ယာမြေများတွင်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။


သက်မောင် (ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)