ဘော်ကြို ကို မြန့်မာ့ တပ်မတော် ထိမ်းချုပ်နိုင်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘော်ကြို ကို မြန့်မာ့ တပ်မတော် ထိမ်းချုပ်နိုင်ပြီ



ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့ နှင့် ငါးမိုင်ခန့် ဝေးသည့် သမိုင်းဝင် ဘော်ကြိုဘုရားတည်ရှိရာ ဘော်ကြို ရွာကြီးကို မြန်မာ့တပ်မတော် က အပြည့်အဝ ထိမ်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

TNLA အကြမ်းဖက်သမားများ အလုံးအရင်းဖြင့် ခုခံနေသည့် ကျင်သီတံတားကို မြန်မာ့တပ်မတော်က ယနေ့ (၁၃-၁၀-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဘော်ကြိုရွာအတွင်း ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်များတွင် အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေးနေရပြီး တပ်မတော်က သီပေါမြို့တွင်း အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားနေမှုကို ဆက်လက်ရှင်းလင်းဆောင်ရွက်မည် ဖြစ်သည်။

နောင်ချို၊ ကျောက်မဲဒေသများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)