ပရိသတ်ရှေ့မှာ အကောင်းဆုံး ကြိုးစားပါမယ် ဟု မောင်မောင်လွင် ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရိသတ်ရှေ့မှာ အကောင်းဆုံး ကြိုးစားပါမယ် ဟု မောင်မောင်လွင် ပြော





၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်ဖြစ်သည့် မြန်မာနှင့် ဆီးရီးယားအသင်းတို့၏ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအား အောက်တိုဘာ ၁၃ရက် ၊ နေ့လယ်ပိုင်းက သုဝဏ္ဏကွင်း Press Conference Roomတွင် ပြုလုပ်ခဲ့ရာ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင် က ပရိသတ်ရှေ့မှာ အကောင်းဆုံး ကြိုးစားပါမယ် ဟု ဆိုသည်။


“ ဆီးရီးယားနဲ့ အိမ်ကွင်း ကစားရမယ့်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေအပြင် ပထမအကျော့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ အားနည်းချက်တွေကို Video  Analysis လုပ်ပြီးပြန်လည် သုံးသပ်ပါတယ်။ ကျွန်တော်တို့ အဝေးကွင်း ပွဲစဉ်မှာ စနစ်တကျနဲ့ ပြင်ဆင်ခဲ့ပေမယ့် ကိုယ်လိုချင်တဲ့ ပုံစံမျိုး မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ သေသေချာချာ စုစုစည်းစည်းနဲ့ ပြင်ဆင်ခဲ့ပေမယ့် ခရီးသွားလာရေး၊ ရာသီဥတု၊ ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ဒဏ်ရာပြဿနာတွေကိုလည်း ရင်ဆိုင်ရပါတယ်။ မနက်ဖြန်အတွက် ဂျပန်မှာ သွားရောက်လေ့ကျင့်ခဲ့တဲ့ ယူ ၂၃ အသင်းက မင်းမော်ဦး၊ ဇော်ဝင်းသိန်းနဲ့ မြတ်ဘုန်းခန့်တို့ (၃) ဦးကို အသင်းအတွက် ခေါ်ယူထားပါတယ်။ သူတို့ (၃)ဦးဟာ ကျွန်တော်တို့အသင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့အပြင် လေ့ကျင့်မှုလည်း မပြတ်တာကြောင့် ခေါ်ယူခဲ့တာပါ။ ခြေစစ်ပွဲ အိမ်ကွင်း နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ ကြိုးစားသွားမှာပါ။  ”

U Myo Hlaing Win (  (Head Coach, Myanmar Team)


“ထိုင်းခြေစမ်းခရီးအထိ အသင်းနဲ့အတူ ပူးပေါင်းခဲ့ပေမဲ့ ရရှိထားတဲ့ ဒဏ်ရာ အခြေအနေ ကြောင့် အဝေးကွင်းပွဲစဉ်ကို မလိုက်ပါနိုင်ခဲ့ဘဲ စနစ်တကျ ကုသမှုခံယူခဲ့ရပါတယ်။ အခု ပြန်လည်ကစားနိုင်ပြီဖြစ်လို့  ကျွန်တော်တို့ ပရိသတ်ရှေ့မှာ အကောင်းဆုံး ကြိုးစားပါမယ်။ ပြီးခဲ့တဲ့ ပထမ အကျော့မှာလည်း အရေးကြီးတဲ့ ကစားသမား အချို့ ဒဏ်ရာရတာ၊ ခရီးပန်းပြီး ဖျားနာတာကအစ ခက်ခဲမှုတွေ ရှိပါတယ်။ မနက်ဖြန် အတွက် ဒီလိုမျိုး မဖြစ်ရအောင် ပြင်ဆင်နေပါတယ်။ ပွဲနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ပဲ လုပ်နေလို့ မရဘူးပေါ့။ ကျွန်တော်တို့ ပရိသတ် အားပေးမှုက အရေးကြီးပါတယ်။  ပထမအကျော့မှာ မပါနိုင်တဲ့ ကစားသမားတွေနဲ့ ယူ ၂၃ ကစားသမားအချို့ အသင်းနဲ့အတူ ပူးပေါင်း လေ့ကျင့်နေကြတာမို့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”

🇲🇲Mg Mg Lwin ( Captain, Myanmar Team)


“ပထမအကျော့မှာ  ဂိုးပြတ် အနိုင်ရထားပေမယ့် မြန်မာအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းမှာ ဥရောပအခြေစိုက် ကစားသမား ၆ ဦးလောက် ပါဝင်ပါတယ်။ ဒါပေမဲ့ အသင်းလိုက် ပုံစံကောင်းရဖို့ တစ်သင်းလုံး ကြိုးစား ကစားသွားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းကလည်း ပုံစံကောင်းနဲ့ ပြန်လာနိုင်တာမို့ ဖိဖိစီးစီး ကစားသွားဖို့ လိုအပ်ပါတယ်။လက်ရှိ အချိန်မှာ ရမှတ် ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရှိနေပေမယ့် ခြေစစ်ပွဲအောင်ဖို့ ဆက်လက် ကြိုးစားရမှာ ဖြစ်တာမို့ မြန်မာနဲ့ပွဲမှာ ရလဒ်ကောင်းရယူသွားမှာ ဖြစ်ပါတယ် ”

Jose Lana(  (Head Coach, Syria Team )


“ ဆော်ဒီမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အခြေအနေက မတူနိုင်တော့ပါဘူး။ မြန်မာက အိမ်ကွင်းမှာ ကစားရခက်တဲ့ အသင်းဖြစ်တာကြောင့် ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနဲ့ပွဲမှာ ရလဒ်ကောင်းရဖို့ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားရမှာဖြစ်ပါတယ် ”

Mohammed Osman (Player, Syria Team)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)