နေပြည်တော်၊ အောက်တိုဘာ ၁၄
နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ အောင်ကိုမိုး ဆိုသူအား နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အဖွင့်တရားစွဲဆိုထားပြီး ယနေ့ ရုံးချိန်တွင် အောင်ကိုမိုးဘက်မှ သက်သေစစ်ဆေးရန် ဆင့်ခေါ်ထားသော်လည်း လာရောက်ခြင်း မရှိကြောင်း သိရသည်။
ယနေ့ ရုံးချိန်းအခြေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးပညာ က "ဒီနေ့လည်း အောင်ကိုမိုးရဲ့ သက်သေက မလာဘူး။ ရုံးချိန် ၂၁-၁၀-၂၀၂၅ ရက်နေ့ကို ပြန်ချိန်းတယ်။ သူ့ဘက်က သက်သေ (၁၁)ဦး အထိ ထည့်ထားတယ်။ ၂ယောက်ပဲ လာရောက်ထွက်ဆိုတယ်။ ၆ယောက်က မလာလို့ ပယ်လိုက်ပြီ။ နောက်ထပ် ၃ယောက်တော့ ကျန်သေးတယ်။" ဟု မိန့်ကြားသည်။
အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး က ဗုဒ္ဓဘာသာဝင်များ အထင်လွဲမှားစေနိုင်သည့် အပြုအမူမျိုး ဖန်တီးလုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ တောင်းပန်သင့်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး အောင်ကိုမိုး က ဝေဖန်သူများကို ဉာဏ်ရည်နိမ့်ပါးသူများအဖြစ် စော်ကားပြောဆိုလာခြင်းကြောင့် ကိုအောင်ကျော်ဦး (ခ) မိုက်ကယ်ဇိုး က တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နေပြည်တော် အမျိုးသားရေးအဖွဲ့မှ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက လိုပြသက်သေများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment