ဟင်္သာတ၊ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။
ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်သည့် ဟောပြောပွဲကို ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း (Grade-12) ကျောင်းသား ကျောင်းသူ (၉၉၂ )ဦးတို့အား အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အ.ထ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊အ.ထ.က (၅) ကျောင်းခန်းမများတွင် ဟင်္သာတတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက သက်ဆိုင်ရာဘာသာရပ်များအလိုက် အသီးသီး ဆွေးနွေး ဟောပြောပေးခဲ့ကြသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲပြုလုပ်မှုများအား ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းနှင့် ပါမောက္ခ(ဌာနမှူးများ)၊ ဟင်္သာတခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment