ကွမ်ရှီးဒေသ၊ ပေ့ဟိုင်မြို့၌ ကျင်းပသည့်China-ASEAN Environmental Cooperation Forum 2025 သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်ရှီးဒေသ၊ ပေ့ဟိုင်မြို့၌ ကျင်းပသည့်China-ASEAN Environmental Cooperation Forum 2025 သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်

 




နန်နင်း၊ အောက်တိုဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပေ့ဟိုင်မြို့၌ ၂၁-၁၀-၂၀၂၅ ရက်နေ့မှ ၂၃-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် China-ASEAN Environmental Cooperation Forum 2025 သို့ မြန်မာနိုင်ငံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ  BRI International Green Development Coalition (BRIGC) ဥက္ကဋ္ဌနှင့် တရုတ်ဂေဟဗေဒနှင့်ပတ်ဝန်းကျင် ဝန်ကြီး ဌာန၊ ယခင်ဒုတိယဝန်ကြီးဖြစ်သူ Mr. Zhao Yingmin၊ ကွမ်ရှီးဒေသဒုတိယအုပ်ချုပ်ရေးမှူး Ms. Sui Guohua၊ ကမ္ဘောဒီးယားပတ်ဝန်းကျင် ရေးရာဒုတိယဝန်ကြီး Ms. Oeurn Panchakneat၊ ထိုင်းသဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Preeyaporn Suwanaged၊ ဗီယက်နမ် စိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ Institute of Strategy and Policy on Agriculture and Environment မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nguyen Trung Thang၊ Council of Palm Oil Production Council မှ ဒုတိယ အတွင်း ရေးမှူးချုပ်Dr. Musdhalifah Machmud၊ နန်နင်းမြို့အခြေစိုက် မလေးရှားကောင်စစ်ဝန်ချုပ်  Mr. Phadia Asmil၊ လာအိုကောင်စစ်ဝန်ချုပ် Mr. Vongpano Sipaseuth နှင့် အာဆီယံနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ် စုစုပေါင်း (၂၀၀)နီးပါး တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးဦးမင်းသူက အမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များသည် လူသားတစ်ရပ်လုံး၏ စိန်ခေါ်မှုတစ်ခုဖြစ်ရာ တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံသည် ဂေဟဗေဒစနစ်မျိုးစုံရှိရာ မြန်မာအစိုးရအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်မူဝါဒမူဘောင်အောက်တွင် မူဝါဒများ၊ အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် BRI International Green Development Coalition (BRIGC) တွင်လည်း ပါဝင်ပါကြောင်း၊ အဆင့်မြင့်နည်းပညာများ အသုံးပြုမှု၊ ထိရောက်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်မှု၊ အများပြည်သူများအား အသိပညာပေးမှု၊ အတားအဆီးများကို ကျော်လွှားမှုတို့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် လူပုဂ္ဂိုလ်၊ စီးပွားရေး၊ အစိုးရ၊ ပြည်သူ-ပုဂ္ဂလိကပူပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများ၌ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးသည့် ဖိုရမ်ငယ်များသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)