တိုက်ကြီးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ




ရန်ကုန်  ၊ အောက်တိုဘာ ၃၁


၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ ရင်းတိုက်ကွင်း(၂)၊ တောင်သူ ဦးဝင်းကြိုင်၏လယ်တွင် ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ Drum Seeder ဖြင့် စပါးစိုက်ပျိုးရေးနည်းစနစ်များကို နွေစပါးရာသီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ Drum Seeder ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သာစေခြင်းနှင့်သီးနှံများ ညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရေးအတွက် ရေရရှိရေးသည် အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါကြောင်းစသည်တို့ကို ပြောကြားသည်။


ထို့နောက် တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က တိုက်ကြီးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ Drum Seeder များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အနိမ့်တင်ဆိုလာ(၂)ချပ်တွဲ ရေတင်စက်များနှင့် ကောက်စိုက်စက်များ၊ ဓာတ်မြေဩဇာများ၊ မိုးစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ရိတ်သိမ်းပြီးလယ်ကွက်အတွင်း စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးများဆောင်ရွက်နေမှုများ၊ သစ်စိမ်းမြေဩဇာပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးနေမှုများနှင့် စိုက်ပျိုးရေးသုံးပြခန်များကို လှည့်လည်ကြည့်ရှုအားပေးသည်။


ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူဦးဝင်းကြိုင်၏လယ်ကို စိစစ်ရိတ်သိမ်းရာ (၁)ဧကလျှင် စပါးတင်းအခြောက်ထွက်နှုန်း (၉၇.၄၉)တင်းထွက်ရှိကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)