ရက်စွဲ။ ။ ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၁)ရက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၁)ရက် သောကြာနေ့
စာအမှတ် ။ ။ ၂၂ / မ မ ရ သ / ၂၀၂၅
၁။ နိုင်ငံတော်၏ တံတားအားလုံးသည် ပြည်သူပိုင်ပစ္စည်းများပင် ဖြစ်သည်။ ( ၂၉- ၁၀- ၂၀၂၅) နေ့က PDF အကြမ်းဖက်အဖွဲ့သည် စဉ့်ကူးမြို့နှင့် ကျောက်မြောင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ကူး တံတားကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ယင်းသို့ ဖောက်ခွဲ ဖျက်ဆီးခြင်းသည် ပြည်သူ့ချွေးနဲစာကို မီးရှို့ လိုက်ခြင်းပင် ဖြစ်သောကြောင့် PDF အကြမ်းဖက်အဖွဲ့ကို " ခေတ်သစ်နတ်ဆိုးအဖွဲ့" ဟု အမည်သညာ သတ်မှတ်လိုက်သည်။
၂။ လမ်းပြင်တံတားခင်းခြင်း အလုပ်သည် ပြည်သူ့ဘဝကို မြှင့်တင်ပေးသော ပါရမီမြောက်သည့် ကောင်းမှု ဖြစ်သည်။ လမ်းဖျက် တံတားဖျက် အလုပ်သည် ငရဲအိုး ဇောက်ထိုးဆင်းမည့် အဖျက်အမှောင့် အလုပ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် PDF အကြမ်းဖက် မိစ္ဆာအဖွဲ့ကို ကိုယ့်နယ်ကိုယ့်ဒေသမှ မောင်း ထုတ်ကြဖို့ရန် အလေးအနက် တိုက်တွန်းလိုက်သည်။
၃။ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ တည်ထောင်ခဲ့သော ကာကွယ် ရေးတပ်ဖွဲ့ ဖြစ်သည်။ PDF အကြမ်းဖက်အဖွဲ့သည် မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ရည်မွန်နှင့် ပြည်ပြေးအဖွဲ့တို့ တည်ထောင်ခဲ့သော မိစ္ဆာအဖွဲ့ ဖြစ်သည်။ သို့ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလျှင် မြန်မာ့တပ်မ တော်ကို လေးစားရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် တပ်မတော်အစိုးရနှင့် လက်တွဲပြီး တိုင်းပြုပြည်ပြု အလုပ်များကို ဆောင်ရွက်ကြဖို့ရန် အလေးအနက် တိုက်တွန်းလိုက်သည်။
၄။ ပြည်ပမှာနေ၍ သူးခိုးဓားရိုးကမ်းနေသော NUG ပြည်းပြေးအဖွဲ့နှင့် နိုင်ငံတွင်းရှိ သူပုန်မှန်သမျှကို ကျွန်ခံ နေသော PDF အဖွဲ့တို့သည် တိုင်းပြည်၏ လောက်ကောင်များပင် ဖြစ်သည်။ ထို့ကြောင့် NUG နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:
Post a Comment