အောက်တိုဘာ - ၃၁
ကိုရီးယား သံတော်ဆင့်နဲ့ ကိုရီးယားနေ့စဉ်စီးပွာရေး သတင်းဌာန ၂ ခုက ထိုင်းလူဝင်မှုကြီးကြပ်ရေးကို ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲခံရတဲ့ တောင်ကိုရီးယား နိုင်ငံသား ၁၁ ဦးနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေကို အေဂျင်စီအကြီးအကဲက ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက အစီရင်ခံတင်ပြထားပြီး ဖြစ်ကြောင်း ပြောလာပါတယ်။ တိုင်ကြားမှုတွေက မှားယွင်းသောအချက်အလက်များကို အခြေခံထားပြီး ပြောနေတာလို့လည်း တုံ့ပြန်ခဲ့ပါတယ်။
မီဒီယာတွေမှာဖော်ပြနေတဲ့ သတင်းတွေက ကိုရီးယား အတိုက်အခံ People Power ပါတီ မှ ကိုယ်စားလှယ် ကင်မ်ဂျီဝမ် က တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကို တင်ပြခဲ့တဲ့ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။ အဲ့ဒိ အစီရင်ခံစာတွေမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ထိုင်း လူဝင်မှုကြီးကြပ်ရေးက မှတ်တမ်းများကို ဖြတ်ကျော်စစ်ဆေးကြည့်တဲ့နေရာမှာ ကွဲလွဲမှုများကိုတွေ့ခဲ့ပါတယ်။
မီဒီယာထဲမှာ ဖော်ပြတဲ့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ စာရင်းပါ တောင်ကိုရီးယားနိုင်ငံသား ခုနစ်ဦးက ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီးပြီလို့ တွေ့လာရပါတယ်။ ကျန် ၄ ဦးက ထိုင်နိုင်ငံသို မရောက်လာခဲ့ပါဘူး လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အေဂျင်စီက အစီရင်ခံခဲ့ပါတယ်။
ဆက်လက်စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဖို့အတွက် ထိုင်း လဝက က တောင်ကိုရီးယားအာဏါပိုင်တွေနဲ့ ပူပေါင်းလုပ်ဆောင်ရန်အတွက် လမ်းဖွင့်ပေးထားကြောင်း နဲ့ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်လုပ်ရန် သွေးဆောင်ခံရနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်၍ နိုင်ငံခြားခရီးသွား ၅၀၀၀ ကျော်ကို သတိပေးထားကြောင်း
လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က တပ်မတော်သားများနဲ့ ညှိနှိုင်းပြီး အထူးသဖြင့် တာ့ခ်ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ စစ်ဆေးရေးဂိတ်တွေ ထူထောင်ထားကြောင်း ဆိုထားပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost

No comments:
Post a Comment