အောက်တိုဘာ - ၂ ( ကြာသပတေးနေ့ )
အမေရိကန်ထိပ်တန်းရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်တဲ့ Exxon Mobil ကော်ပိုရေးရှင်းက ကုမ္ပဏီကို ပြန်လည်ပြင်ဆင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီရုံးခွဲတွေက ဝန်ထမ်းအင်အား ၂၀၀၀ ကျော်ကို လျှော့ချဖို့အတွက် လုပ်နေရာ စင်ကာပူက ဝန်ထမ်းတွေလည်း ပါနေပါတယ်။
ကုမ္ပဏီ ရဲ့ ဝန်ထမ်းအင်အားလျှော့ချခြင်းက ကနေဒါနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ အများဆုံး လုပ်မှာဖြစ်ပြီး စင်ကာပူရုံးခွဲမှာ ဝန်ထမ်း ၁၅ % ကို ၂၀၂၇ အကုန်မှာ လျှော့ချတော့မှာပါ။ အဲ့ဒိကြောညာချက်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။
ရေနံထုတ်လုပ်သူများ အထွက်တိုးလာခြင်းနဲ့ ကမ္ဘာ့ရေနံစိမ်းဈေး ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ စွမ်းအင်ကုမ္ပဏီများက အမြတ်အစွန်းနည်းပါးမှုကို ထိန်းထားရန်နဲ့ ကုန်ကျစရိတ်များကို ထိန်းသိမ်းရန်အတွက် ယခုနှစ်တွင် ထောင်ပေါင်းများစွာသော အလုပ်အကိုင်များကို ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
Exxon ရှယ်ယာများသည် နေ့လယ်ပိုင်း ရောင်းဝယ်မှုတွင် ကန်ဒေါ်လာ ၁၁၂ . ၈၀ ဖြင့် ၁.၂ % ခန့် ကျဆင်းသွားခဲ့ပါတယ်။
REF: Reuters
https://t.me/MyanmarNationalPost

No comments:
Post a Comment