ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်


ရန်ကုန်၊ အောက်တိုဘာ ၈

၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်ခဲ့ပြီး ၂၀၂၅ မှ ၂၀၂၉ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် AFC အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃မှ ၂၀၂၇ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင်  အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်သော AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီတွင် အဖွဲ့ဝင်(၂၁)ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)