မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ



မုံရွာ  ၊ အောက်တိုဘာ ၁၅


မုံရွာတက္ကသိုလ်သည် သင်ကြားသင်ယူမှုနည်းစနစ်များ၊ ဆန်းသစ်သောသုတေသနများနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှုတို့ဖြင့် ဦးဆောင်နိုင်သောပညာရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် မျှော်မှန်ပြီး လုပ်ငန်းတာဝန်နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်မှု အထောက်အကူပြုအသိပညာ၊ အတတ်ပညာမြင့်မားသော ပညာရှင်များထွန်းကားလာစေရေး အတွက် လေ့လာသင်ယူလိုစီဘီရှိသော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖနီတီးရန်၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်နှင့်အညီ လေ့လာသုံးသပ်ရန်၊ ဆရာ/ဆရာမများ၏ သင်ကြားသင်ယူသူ နည်းလမ်းများကို ပိုမိုကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆန်းသစ်သောသုတေသနများကို ဖော်ဆောင်၍ သုတေသန ရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးမှတစ်ဆင့်ဘဝတစ်သက်တာသင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများကိုဖန်တီးဝေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို ပြုစုပျိုးထောင်၍ ဉာဏ်ရည်ဉာဏ်သွေးနှင့် တစ်ကိုယ်ရည်တိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ရန်၊ နိုင်ငံတကာပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ အစီအစဉ်များကိုမြှင့်တင်ရန် စတဲ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ G-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ သန်းသန်းဝင်းက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ မုံရွာတက္ကသိုလ်၏ Video Clip ပြသမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မုံရွာတက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များက မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒစသည့် ဘာသာရပ်များအား မိတ်ဆက်ပေးကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာကျောင်း(၁၁)‌ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၈)‌‌ကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများနှင့် G-12 ကျောင်းသား၊ ကျောင်းသူ (၈၄၂)ဦးက မုံရွာတက္ကသိုလ်အတွင်းရှိ University Research Center (URC)၊ Main Library နှင့် ဘာသာရပ်ဆိုင်ရာဌာန အသီးသီးသို့ စိတ်ပါဝင်စားစွာသွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)