ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ရှိ Synthetics မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်ပြီးစီးမှုနှင့် Syn-thetics မီတာ ၄၀၀ ပြေးလမ်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ G.10၊ G.11၊ G.12 ကျောင်းသား ကျောင်းသူများ အောက်တိုဘာနှစ်ဝက်ဆုံးစာမေးပွဲ Chemistry ဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှု၍ စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ သင်တန်းသား သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည့် ဆေးပေးခန်းများနှင့် သင်တန်းသား သင်တန်းသူများ နေ့လယ်စာ စားသောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ အားကစားပစ္စည်းများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ Hotel Hazel အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်ဒေသများအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းခြင်း၊ ခရီးစဉ်နေရာအသစ် ဖော်ထုတ်ခြင်းများဆောင်ရွက်ပြီး ခရီးစဉ်အသစ်များ ရေးဆွဲဆောင်ရွက်သွားရန်နှင့် ခရီးစဉ်ဒေသအချင်းချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ကာ ခရီးစဉ်လမ်းကြောင်းအသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့ဒေသရှိ ခရီးစဉ်ဆွဲဆောင်ရာနေရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ခရီးသွားများသိရှိစေရေး ဆောင်ရွက်ရန်နှင့် ဝန်ဆောင်‌မှုကောင်းများပေးနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)