ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ အောက်တိုဘာ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပြင်ဦးလွင်မြို့  ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားသည့် တောင်ပေါ် အပန်းဖြေခရီးစဉ်နေရာတစ်ခုဖြစ်သည့်အပြင် အေးမြသောရာသီဥတုနှင့်အတူ ပွင့်လန်းနေသည့် ပန်းမန်များ၊  သာယာလှပသည့် တောတောင်ရေမြေသဘာဝအလှအပများ၊ တန်ခိုးကြီးသမိုင်းဝင်စေတီများ၊  ဒေသအစားအစာအမှတ်တရလက်ဆောင်ပစ္စည်းများသည် ပြင်ဦးလွင်မြို့၏ထူးခြားသည့် ခရီးသွားဆွဲဆောင်မှုများဖြစ်ပါကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism)၊ ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်း(Cultural Tourism)၊ ဘာသာရေးခရီးသွားလုပ်ငန်း(Religious Tourism)၊ အနုပညာနှင့်ခရီးသွားလုပ်ငန်း(Art and Education)၊ အပန်းဖြေခရီးသွားလုပ်ငန်း(Leisure Tourism)၊ အားကစားခရီးသွားလုပ်ငန်း(Sport Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း(Adventure Tourism)၊  ကျန်းမာရေးနှင့်အနားယူခရီးသွားလုပ်ငန်း(Health and Wellness Tourism)၊ သမိုင်း အမွေအနှစ်ခရီးသွားလုပ်ငန်း (Heritage Tourism)၊ လယ်ယာနှင့်  တောင်သူဦးကြီး   အခြေပြုခရီးသွား လုပ်ငန်း (Agro Tourism) များ ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အခြေခံကောင်းများကို   မိမိတို့ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိအောင် အသုံးချရန်လိုအပ်ပါကြောင်းမှာကြားပြီး လုပ်ငန်းရှင်များ၏  လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြင်ဦးလွင်မြို့ရှိ Hotel Akimomi နှင့် ‌‌ရွှေနန်းထိုက်ဟိုတယ်တို့ကို သွားရောက်ပြီး လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက်    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊   ပြည်ထောင်စုဝန်ကြီး Jeng   Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အားကစားကွင်း/အားကစားရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ  ပေါ်ထွက်လာစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများနှင့်ပြည်သူများကို သွားရောက်တွေ့ဆုံပြီး လတ်တလော နေထိုင်၊ သွားလာ၊ စားသောက်မှုများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)