နိုင်ငံတော်အကြီးအကဲများအား လေးစားစွာ တင်ပြအပ်ပါသည်။ သမီးတို့ ရွှေဘိုမြို့၊ နယ်ညောင်ပင်ဝန်းကျေးရွာမှာ PDFတွေ တအားသောင်းကျန်းနေပါသည်။
ညောင်ပင်ဝန်းPDFများဟာ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာလမ်းပိုင်းကို ပိတ်ပြီး လာသမျှကားများနဲ့ ခရီးသည်တင်ကားများကို သော့တွေဖြုတ်ပြီး ကားများကို မတရားသဖြင့် ဓားပြတိုက်ယူနေပါသည်။ ခရီးသည်များထံမှ ပါလာသည့် ဆိုင်ကယ်များနဲ့ ပိုက်ဆံများကို မတရားသဖြင့် လုယူနေပါသည်။
ကားပေါ်ကပါလာသမျှ ပြည်သူများကိုလည်း စစ်တပ်နဲ့ပတ်သက်သည်ဆိုပြီး မတရားသတ်နေကြပါသည်။
လွန်ခဲ့တဲ့တစ်ပတ်ကလည်း ရွှေဘိုမြို၊ နယ်ဥသျှစ်ကန်PDFများက ကျွန်းတောဘက်ကစောင့်ပြီး စည်ပင်သာယာကားကိုလည်း ဓားပြတိုက်ယူသည့် ဖြစ်စဉ်ရှိခဲ့ပါသည်။
ဒီသတင်းတွေကို ရွှေဘိုမြို နယ်သက်ဆိုင်ရာတာဝန်ရှိသူတွေက မသိတာလား၊ သိရဲ့နဲ့သေချာလွှတ်ထားတာလားဆိုတာမသိပါ။
သမိုင်းဝင် အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကြီးရယ်၊ မောဓောမြင်သာစေတီတော်ကြီးရယ်၊ စစ်အောင်မြေဘုရားရယ် ပြာကျပါတော့မည်။ PDF အကြမ်းဖက်သမားများကို အမြန်ဆုံး နှိမ်နင်းပေးကြပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
ရွှေဘိုသူ မေ
https://t.me/MyanmarNationalPost

No comments:
Post a Comment