ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုးများ ဖူးမြော်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုးများ ဖူးမြော်လေ့လာ







ညောင်ဦး၊ အောက်တိုဘာ ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒေသတွင်းဈေးကွက်စီးပွားရေး၊ နိုင်ငံခြားစီးပွားဆက်သွယ်မှုနှင့်ခရီးသွားလုပ်ငန်းဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna Vinnikova ပါ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ပုထိုး၊ စေတီများ ဖူးမြော်ကြည်၍ လေ့လာရေးခရီးလာရောက်ခဲ့ကြောင်းသိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Anna Sergeevna  Vinnikova  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူးက ရှင်းလင်းပြသသည်။ ဆက်လက်၍ ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးသို့ ရောက်ရှိကြပြီး ဆီးမီး၊ပန်း၊ ရေချမ်းကပ် လှူကြကာ အာနန္ဒာဘုရားကြီး  အတွင်းအပြင်တို့အား လေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။ ဆက်လက်၍ မြင်းကပါကျေးရွာရှိ မြစေတီဘုရားအား ဖူးမြော်ကြည်ညိုကြကာ ရာဇကုမာရ်ကျောက်စာအား လေ့လာကြည့်ရှုသည်။ ပြီးနောက် မြင်းကပါ ဂူပြောက်ကြီးဘုရားအအတွင်းရှိ နံရံဆေးရေးပန်းချီများကိုလေ့လာကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများကရှင်းလင်းပြသသည်။ ဆက်လက်၍ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်အား လေ့လာကြသည်။ ထို့နောက် ထီးလိုမင်းလိုဘုရားသို့ရောက်ရှိကြပြီး ဆီမီး၊ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြပြီး ထီးလိုမင်းလိုဘုရား တိုက်မဒုတိယထပ်မှ ပုဂံဒေသနေဝင်ဆည်းဆာအားကြည့်ရှုကြကာ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသသည်။ ပြီးနောက် ဒုတိယဝန်ကြီး Mrs. Anna  Sergeevna  Vinnikova  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရွှေစည်းခုံစေတီတော်သို့ရောက်ရှိကြကာ ဘုရားကြီးအား ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြသည်။ ပြီးနောက် နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံဒေသ၏ ညအလှရှုခင်းများကြည့်ရှုခဲ့ကြောင်းသိရသည်။ ဒုတိယဝန်ကြီး Mrs. Anna  Sergeevna  Vinnikova  ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့နှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးများဖြစ်သော လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးမင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့လိုက်ပါခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)