ရွာသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ PDF တွေအကြောင်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက ဖွင့်ဟပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ PDF တွေအကြောင်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက ဖွင့်ဟပြောဆို






နေပြည်တော်၊ အောက်တိုဘာ ၂၁

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။ 

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများထဲမှ အမျိုးသမီးတစ်ဦးက "PDF အကြမ်းဖက်အဖွဲ့တွေက ဂိတ်တွေမှာ ဆက်ကြေးကောက်တယ်။ လူတွေကိုလည်းဖမ်းပြီး အနိုင်ကျင့်တယ်။ သူတို့ထဲကို အတင်းအကြပ်ဝင်စေတယ်။ ဝင်တဲ့သူ တွေကိုလည်း ထောင်ချတယ်။ သတ်ပစ်တယ်။ ရွာထဲကလူတွေကိုလည်း လက်နက်အားကိုး နဲ့ အနိုင်ကျင့်တယ်" ဟု ဖွင့်ဟပြောဆိုထားသည်။

အဆိုပါ အမျိုးသမီး က "သမီးတို့ရွာကနေ သူငယ်ချင်းရှိရာကို အလည်သွားရင်းနဲ့ လမ်းမှာ PDF အဖမ်းခံရပြီး ထောင်ကျခံမလား စစ်မေလုပ်မလား အကြပ်ကိုင်မေးခဲ့လို့ စစ်မေလုပ်ရင်လွတ်လမ်းရှိတယ် လို့ တွေးမိပြီး PDF ထဲရောက်ရှိခဲ့ပါတယ်။ သင်တန်းကိုတော့ မင်းကင်းမြို့နယ် ထန်းပင်ချောင်းရွာအနီးက တောတိုက်ထဲမှာ ယောင်္ကျား မိန်းမအင်အား ၂၀ နဲ့အတူ ၂ လ တက်ခဲ့ရပါတယ်။ သင်တန်းကိုတော့ စစ်သင်တန်း၊ လက်နက်ငယ်နဲ့ မိုင်းလုပ်နည်း ၊ မိုင်းထောင်နည်းတွေကို သင်ကြားပေးပါတယ်။ သင်တန်းဆင်းတော့ သူတို့အတွက် ထမင်း ဟင်းချက်ပြုတ်ရေးနဲ့ လုံခြုံရေးကင်းတာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ သမီး PDF ထဲ ဝင်ရောက်ချိန်မှာ PDF အကြမ်းဖက်အဖွဲ့တွေက ဂိတ်တွေမှာ ဆက်ကြေးကောက်တယ်။ လူတွေကိုလည်းဖမ်းပြီး အနိုင်ကျင့်တယ်။ သူတို့ထဲကို အတင်းအကြပ်ဝင်စေတယ်။ ဝင်တဲ့သူ တွေကိုလည်း ထောင်ချတယ်။ သတ်ပစ်တယ်။ ရွာထဲကလူတွေကိုလည်း လက်နက်အားကိုး နဲ့ အနိုင်ကျင့်တယ်။ နှိပ်စက်တာတွေလုပ်တယ်။ သမီးကအစောကတည်းက သူတို့ထဲကို ဝင်ချင်ခဲ့တာ မဟုတ်ပါဘူး။ ဖမ်းဆီးမခံရဖို့အတွက် စစ်မေလုပ်ခဲ့ပြီး အခွင့်အရေးရတာနဲ့ လုံခြုံရေးစခန်းမှာ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သမီးမိဘတွေဆီကို ပြန်ရတော့မှာမို့ အရမ်းဝမ်းသာမိပါတယ်။ ပြီးတော့ ဒီဇင်ဘာလမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ သမီး ကိုယ်တိုင်လည်းမဲပေးမယ်။ PDF အကြမ်းဖက်အဖွဲ့ ထဲမှာ ကျန်ရှိနေတဲ့သူတွေကိုလည်း ပြော ချင်တာကတော့ သူတို့ပြောသလို အလင်းဝင်ရင် ဖမ်းဆီးမယ်။ ထောင်ချမယ်။ နှိပ်စက်မယ်ဆို တာ မဟုတ်ပါဘူး။ အခုလိုနွေးနွေးထွေးထွေးကြိုဆိုပြီး ထောက်ပံ့မှုတွေလုပ်ပေးတာ သမီး ကိုယ်တွေ့ပါပဲ။ ဒါကြောင့် အချိန်မနှောင်းခင် အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ ဒီနေရာက နေ ဖိတ်ခေါ်ချင်ပါတယ်" ဟု ပြောဆိုသည်

အလားတူ PDF အဖွဲ့ဝင် အမျိုးသား က "ကျွန်တော်အရင်က မန္တလေးမြို့မှာ ပန်းပုထုတဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှ ကျွန်တော်ရွာကို ရောက်ပြီးတော့ ဆိုင်ကယ်နဲ့ ဈေးရောင်းတဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ၁၁ လပိုင်းမှာ သူငယ်ချင်းက မင်းသေနက်ကိုင်ချင်လား၊ မင်းသေနက်ကိုင်ဖူးချင်လား၊ သေနက်ပစ်ဖူးချင်လား၊ပစ်ဖူးကိုင်ဖူးချင်ရင်ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်ဆောင်သွားတဲ့အတွက် ကျွန်တော် အကြမ်းဖက် PDF စခန်းကို လိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာသူတို့ရဲ့ အကြမ်းဖက်ခေါင်းဆောင် က ကျွန်တော့်ကို ပြန်ရင်မိဘတွေကို သတ်ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် PDF ထဲကိုဝင်ခဲ့ရပါတယ်။ သင်တန်းမှာတော့ လက်နက်ငယ်ပစ်နည်း၊ မိုင်းထောင်နည်း၊ မိုင်းခွဲနည်းတို့ကို သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်သင်တန်းဆင်းတော့ ထမင်းအချက်အပြုတ်နဲ့ ကင်းစောင့်တာဝန်ကို ယူခဲ့ရပါတယ်။ ကျွန်တော်အကြမ်းဖက်လုပ်ရပ်တွေမှာ မပါဝင်ခဲ့ပါဘူး။ တစ်ခါတလေမှာ သူတို့ရွာထဲမှာ ဆက်ကြေးသွားကောက်တဲ့အချိန်မှာ ကျွန်တော်လိုက်ခဲ့ရပါတယ်။ နောက်ပြီးရင် ကျွန်တောတို့ အဝင်အထွက်လမ်းတွေ ရွာကတံတားလမ်းတွေမှာလည်း ကျွန်တော် သူတို့ လုံခြုံရေးအတွက် ကင်းစောင့်ပေးခဲ့ရပါတယ်။ ကျွန်တော် PDF အကြမ်းဖက်ထဲ ရောက်တဲ့ အချိန်မှာ ကြီးနိုင်ငယ်ညဉ်း အနိုင်ကျင့်တဲ့ဝါဒကို ကျွန်တော်တွေ့ကြုံခဲ့ရပါတယ်။ နောက်ပြီးရင် လူကြီးပိုင်းတွေကတော့ လမ်းတံတားတွေ ဂိတ်တွေမှာရတဲ့ ဆက်ကြေးငွေတွေနဲ့ ရွာသူရွာသား တွေဆီက ကောက်ခံလို့ရတဲ့ ဆက်ကြေးငွေတွေနဲ့ အဆင်ပြေနေပြီးတော့ ကျွန်တော်တို့ လက်အောက်က လူတွေကျတော့ ထမင်းတောင်မှ မဝရေစာ စားခဲ့ရပါတယ်။ ဖျားနာလာတဲ့ အချိန်မှာလည်း ဆေးကုသဖို့ ဆရာဝန်မရှိဘူး။ နေရတာလည်းလုံ့ဝအဆင်မပြေပါဘူး။ ကြုံသလို ဖြစ်သလို နေရပါတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကျတော့ ကောင်းကောင်းမွန်မွန်နေရတယ်။ ဘာမှမလုပ်ရဘူး။ ကြီးနိုင် ငယ်ညဉ်း နှိပ်ကွပ်မှုတွေလည်း ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ ပြည်သူလူထုကို ညဉ်းပန်းနှိပ်စက် သတ်ဖြတ်တာကတော့ အဆိုးဆုံးပါပဲ" ဟု ပြောဆိုသည်။

အလင်းဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ "ကျွန်တော်အလင်းဝင်ရောက်ခဲ့တာ ကတော့ သူတို့ရဲ့လုပ်ငန်းတွေ မတရားမှုတွေကို မကြိုက်လို့ အလင်းဝင်ရောက်ခဲ့တာပါ။ ဆရာ၊ ဆရာမတွေကို သတ်ဖြတ်တာ ရဟန်းသံဃာတွေကို သတ်ဖြတ် တာကအစ ကျွန်တော်လက်မခံ နိုင်လို့ သူတို့ရွာတွေမှာ ဆက်ကြေးကောက်နေတဲ့အချိန်မှာ ကျွန်တော်အခွင့်သာလို့ ထွက်ပြေးလာ ပြီးတော့ နီးစပ်ရာစခန်းမှာ ကျွန်တော်အလင်းဝင်ခဲ့ပါတယ်။ ကျွန်တော်အလင်းဝင်ရောက်တဲ့အခါမှာကျွန်တော်တစ်ခုခုများဖြစ်မလားဆိုပြီးတော့ စိုးရိမ်စိတ်ကြီးနဲ့ တွေးမိပါတယ်။ တကယ်တမ်း ကျတော့ အစိုးရနဲ့ တပ်မတော်က ကျွန်တော်တို့ကို နွေးထွေး စွာကြိုဆိုတယ်။ အစားအစာနဲ့ ထောက်ပံ့ကြေးငွေတွေပေးတယ်။ ကျန်းမာရေးကအစ စစ်ဆေး ပေးတယ်။ နောက်ပြီးတော့ ကျွန်တော် တို့ကို နေစရာတွေပေးတယ်။ နောက်ပြီး ကျွန်တော် တို့မိသားစုနဲ့အတူ အမြန်ဆုံးပြန်နေခွင့်ရအာင် စီစဉ်ပေးလို့ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော် ကလူကြီးတွေကို ကျွန်တော်ကျေးဇူး အထူးတင်ပါတယ်" ဟု ဖွင့်ဟပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)