UEC ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ ဒွိဟဖြစ်နေတဲ့ ဒေါ်သက်သက်ခိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

UEC ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ ဒွိဟဖြစ်နေတဲ့ ဒေါ်သက်သက်ခိုင်





ယနေ့ နံနက်ပိုင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် သတင်းနဲ့ ပတ်သက်ပြီး ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလာကြပါတယ်။ ဒေါ်သက်သက်ခိုင် ငွေကြေးကိစ္စကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတယ်ဆိုတဲ့ ဖော်ပြချက်တွေ ဖြစ်ပါတယ်။

BBC အပါအဝင် ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်နဲ့ ပတ်သက်လို့ မြန်မာနေရှင်နယ်ပို့စ် က PPP ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေးထိုင်နေကြတုန်းဖြစ်ကြောင်း၊ စောင့်စိုင်းပေးရန် ပြန်လည်ပြောဆိုပါတယ်။

တချို့မီဒီယာတွေမှာတော့ ဒေါ်သက်သက်ခိုင်ဟာ ကိုယ်စားလှယ်လောင်းကတ်ပြားလည်း ထုတ်ပြီးပြီ၊ မဲရုံမှာ ကပ်ထားတဲ့ စာရင်းမှာ ပါဝင်နေတဲ့ မှတ်တမ်းတွေလည်း တွေ့မြင်လာရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ထားတဲ့ အတည်ပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းမှာတော့ ဒေါ်သက်သက်ခိုင်ပါဝင်နေခြင်း မရှိပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ PPP ဘက်ကလည်း တရားဝင် ထုတ်ပြန်ပြောကြားတာမျိုး မရှိသလို UEC ဘက်ကလည်း မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း မပြုသေးပါဘူး။

ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်းများစာရင်းမှာ ပြည်သူ့ပါတီ က ဦးကြည်သာဦး၊ တစညပါတီ က ဦးခင်တိုး၊ လေဘာပါတီ က ဦးတင်မျိုးသူ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ က ဦးထွန်းထွန်းဦး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ က ဦးဒေးဗစ်လှမြင့်၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ က ဒေါ်လှကြိုင်၊ ပြည်ခိုင်ဖြိုးပါတီ က ဦးအောင်ဝင်းသန်း တို့ကို အတည်ပြုထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မဲရုံများမှာ ကြော်ငြာကပ်ထားတာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ဝဘ်ဆိုဒ်ရဲ့ အတည်ပြုထုတ်ပြန်ချက် ကွဲလွဲနေတာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)