ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ World sight day နေ့ အထိမ်းအမှတ် (တတိယ)အကြိမ် မျက်စိကျန်းမာရေး စစ်ဆေးပေးပြီး ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ World sight day နေ့ အထိမ်းအမှတ် (တတိယ)အကြိမ် မျက်စိကျန်းမာရေး စစ်ဆေးပေးပြီး ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်

 







ပဲခူး၊ အောက်တိုဘာ ၂၄

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းအချိန်က World sight day ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ် (တတိယ) အကြိမ်မြောက် မျက်စိကျန်းမာရေးစစ်ဆေးပေးမှုနှင့် ခွဲစိတ်ကုသခြင်း ဆောင်ရွက်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး က မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခွဲစိတ်ပြီးလူနာများ၏ မျက်စိကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဇော်လွင်တိုနှင့်အတူ မျက်စိခွဲစိတ်ကုသရန်လူနာများနှင့် မျက်စိခွဲစိတ်ကုသပြီးလူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ခွဲစိတ်ကုသပြီးလူနာများအား ဆေးမျက်မှန်များတပ်ဆင်ပေးကာ အာဟာရ ဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည့်အပြင် မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မျက်စိခွဲစိတ်လူနာများနှင့် လူနာစောင့်များအတွက် နေ့လယ်စာထမင်းဗူးများ၊ သောက်ရေသန့်ဗူးနှင့်မုန့်များ ကျွေးမွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

 အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (တတိယ)အကြိမ်မြောက် မျက်စိကျန်းမာရေးစစ်ဆေးပေးမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခြင်းကို ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် တောင်ငူမြို့ပြည်သူ့ ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးတို့က မျက်စိရောဂါလူနာ(၂၇၀)ဦးကျော်တို့အား အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက် ပေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)