ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


လွိုင်ကော် ၊  နိုဝင်ဘာ ၃


ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်အတွက် ချေးငွေများထုတ်ချေးပြီးဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စံပြုလုပ်ထုံးလုပ်နည်း (SOP)များနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း အမှန်တကယ်အကျိုးရှိပြီး ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းတို့ကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးချနိုင်ရန်အတွက် ကျန်ရှိသည့် ချေးငွေများကို ဆက်လက်ထုတ်ချေးသွားရန်၊ ချေးငွေများနှင့်ပတ်သက်၍ အရင်းစနစ်တကျပြန်လည်ပေးသွင်းနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် စာရင်းဇယားတိတိကျကျ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်နယ်၏ စီးပွားရေးကဏ္ဍ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနအသီးသီးက အရှိန်အဟုန်မြှင့် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှု၊ ထုတ်ချေး ပြီးစီးမှု၊ ပြန်လည်ပေးဆပ်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)