ပေါင်၊ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယနေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမောင်မောင်မြင့်၊ ခရိုင် ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူးဦးကျော်စိုး၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံလှဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များမှ ပေါင်မြို့ပေါ်ရှိ မိုးနိုင်း၊ ပေါင်း၊ ကဒုံစီးရပ်ကွက်များနှင့် ပေါင်(ကျွဲခြံ) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ် အနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်းစာရင်းကပ်ထားမှုမှာ ကျား (၈၉၄၈၄) ဦး၊ မ (၉၆၅၃၆) ဦး၊ စုစုပေါင်း (၁၈၆၀၂၀) ဦးဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ( ၄ ) ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထား သွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment