ကော့သောင်းမြို့၌ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းသည် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၌ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းသည် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်း




ကော့သောင်း၊  နိုဝင်ဘာ ၇


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းသည် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်လိုက်ပါလျက် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့် မြို့နယ် ယာယီဥပဒေရုံးသို့သွား‌ရောက်၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဥပဒေအရာရှိများအနေဖြင့် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်တို့၌ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့်အားလျော်စွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မိမိ၏ ပင်မလုပ်ငန်းအပြင် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ၊ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ဥပဒေအရာရှိများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများက မဲစာရင်းတွင်ပါရှိရေး တစ်ဦးတစ်ယောက်မှ မကျန်ရှိအောင် အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိရုံးရှိ အရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များတွင် မဲစာရင်းကြည့်ရှုပြီး ပါဝင်ခြင်းမရှိသေးပါက မဲစာရင်းပါရှိရေးအတွက်  အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်နှင့် မိမိတို့၏ မဲပေးပိုင်ခွင့်ကို မိမိနှင့်တကွ အရာထမ်း အမှုထမ်းများ၊ မိသားစုဝင်များ၊ မဲပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဥပဒေများ လေ့လာမှတ်သားလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားပြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်က သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တရားခွင်အကြို တွေ့ဆုံဆွေးနွေးခြင်း (PTI) စနစ် ကျင့်သုံးခြင်းဆိုင်ရာကိစ္စများနှင့် ဥပဒေအရာရှိ ကျင့်ဝတ် (Code of Ethics for Law Officers) ဆိုင်ရာ ကိစ္စများ ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်နှင့်အဖွဲ့သည် ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံး ၃ ထပ် အဆောက်အဦသစ် တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီရေးနှင့်သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)