ဒက္ခိဏသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

 



နေပြည်တော်  ၊ နိုဝင်ဘာ ၁၈


ပြည်ထောင်စုနယ်မြေ နေပြည်တော်၊  ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စက်သုံးဆီဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို နိုဝင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလျှံထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့သွားရောက်ပြီး ဝန်ထမ်းများအား မီးဘေးကြိုတင်ကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့ငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


အောင်သူရဦး (ဒက္ခိဏ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)