ဗုဒ္ဓဦးခေါင်းတော်အား ဖက်ရှင်အဖြစ် အသုံးပြုခဲ့သည့် အောင်ကိုမိုး ကို အမိန့်ချ၊ အမျိုး ဘာသာ သာသနာအတွက် အခမဲ့ အကျိုးဆောင်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မျိုးအား ဆရာတော်များက ဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဦးခေါင်းတော်အား ဖက်ရှင်အဖြစ် အသုံးပြုခဲ့သည့် အောင်ကိုမိုး ကို အမိန့်ချ၊ အမျိုး ဘာသာ သာသနာအတွက် အခမဲ့ အကျိုးဆောင်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မျိုးအား ဆရာတော်များက ဂုဏ်ပြု









နေပြည်တော်၊ နိုဝင်ဘာ ၂၁

အကယ်ဒမီဆုပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် အသုံးပြုခဲ့သည့် အောင်ကိုမိုးအား နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားရာ ယနေ့ (၂၁-၁၁-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်သည်။

အောင်ကိုမိုး အား ကိုအောင်ကျော်ဦး (ခ) မိုက်ကယ်ဇိုးမှ တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက လိုပြသက်သေများအဖြစ် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အောက်ကိုမိုးဘက်မှ သက်သေ (၁၁)ဦး တင်သွင်းခဲ့သော်လည်း ၂ဦးသာ လာရောက်ထွက်ဆိုပြီး ကျန်သက်သေများ လာရောက်ခြင်း မရှိသဖြင့် ရုံးတော်မှ ပယ်ချခဲ့ရသည်။

ယနေ့ နောက်ဆုံးရုံးချိန်းတွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဦးခေါင်းတော်ကို မဖွယ်မရာ ဖန်တီးအသုံးပြုခဲ့သူ အောင်ကိုမိုး အား အလုပ်နှင့် ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အမျိုး ဘာသာ သာသနာအတွက် ရှမ်းပြည်နယ်မှနေ၍ အခမဲ့ လာရောက်အကျိုးဆောင်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မျိုးအား နေပြည်တော် မဘသ ဆရာတော်များနှင့် အမျိုးသားရေးအဖွဲ့ က ဂုဏ်ပြုငွေ ၅သိန်းကျပ်၊ မြန်မာနေရှင်နယ်ပို့စ် မှ ကျောပိုးအိတ် ၁လုံး ဂုဏ်ပြုပေးအပ်ခဲ့သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)