စမ်းချောင်း ၊ နို၀င်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့မွန်းလွဲ (၂) နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက် (၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ် မြေပြင်ကွင်းဆင်း ကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင် သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မဲစာရင်း စီစစ်ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခံကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment