ဖယ်ခုံမြို့၌ ပြည်သူများဆန္ဒမဲ‌ပေးပိုင်ခွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မဲစာရင်းကောက်ယူစစ်ဆေးခြင်းအား မြေပြင်ကွင်းဆင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖယ်ခုံမြို့၌ ပြည်သူများဆန္ဒမဲ‌ပေးပိုင်ခွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မဲစာရင်းကောက်ယူစစ်ဆေးခြင်းအား မြေပြင်ကွင်းဆင်း ဆောင်ရွက်

 


ဖယ်ခုံ  ၊ နိုဝင်ဘာ ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၌ ပြည်သူများအား ဆန္ဒ‌မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက်အား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီတွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်ကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမဲစာရင်း‌ကောက်ယူစစ်‌ဆေးခြင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုနယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုက်ောမရှင်အဖွဲ့ခွဲများတို့က အုပ်စုအဖွဲ့(၄)ဖွဲ့ခွဲ၍ ဈေးတန်းရပ်ကွက်၊ နန်းဟူးရပ်ကွက်၊ ဈေးရှေရပ်ကွက်၊ ဈေးနောက်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းမဲစာရင်းကောက်ယူစစ်‌ဆေးခြင်းကို ကျန်ရှိနေသေးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွင် ဆက်လက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)