ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသမှုဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသမှုဆောင်ရွက်




ဒဂုံအရှေ့ ၊  နိုဝင်ဘာ ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာချောစန္ဒာ ဦးဆောင်‌သော ကျန်းမာ‌ရေးအဖွဲ့က မျက်စိဝေဒနာရှင် (၁၃၃)ဦးအား အခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေးခြင်း၊ မျက်မှန်တပ်ဆင်ရမည့်လူနာ (၁၈)ဦးအား မျက်မှန်အခမဲ့ပြုလုပ်‌‌ပေးခြင်းများဆောင်ရွက်ပြီး ဗဟန်းအမျိုးသမီးဆေးရုံအုပ်ကြီးက မျက်စိရောဂါများနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။

အဆိုပါ ကွင်းဆင်းကု‌သမှုပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသန့်‌ ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး‌ ဒေါက်တာသူရဇော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဇွဲမင်းထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)