နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အစီအမံဖြင့် နေပြည်တော် - မန္တလေး လမ်းပိုင်း ဘက်ထရီစက်ခေါင်းသုံး လေအိတ်တွဲဆိုင်းများ စတင်ပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အစီအမံဖြင့် နေပြည်တော် - မန္တလေး လမ်းပိုင်း ဘက်ထရီစက်ခေါင်းသုံး လေအိတ်တွဲဆိုင်းများ စတင်ပြေးဆွဲ

 












နေပြည်တော်၊ နိုဝင်ဘာ ၂၂

နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အစီအမံဖြင့် နေပြည်တော် - မန္တလေး လမ်းပိုင်း လေအေးပေးစက် တပ်ဆင်ထားသော လေအိတ်တွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဘူတာကြီးတွင် ကျင်းပခဲသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က "ဒီနေ့ ကျွန်တော်တို့ ရောက်ရှိနေတဲ့ အခမ်းအနားဟာဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံတော်အကြီးအကဲ၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အစီအမံနဲ့ မြန်မာ့မီးရထားကနေ အများပြည်သူတွေ အစဉ်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ဖို့အတွက် လေအေးပေးစက် တပ်ဆင်ထားတဲ့ လေအိတ်တွဲဆိုင်း စတင်ပြေးဆွဲတဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ မြန်မာ့မီးရထားရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဟာ အများပြည်သူတွေအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အားလုံးထက် ရှေးအကျဆုံးဖြစ်ပြီးတော့ ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ရန်ကုန်-ပြည် ရထားလမ်းကို စတင်ပြေးဆွဲခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း ၁၄၈ နှစ် ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ၁၈၇၇ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တဲ့ မြန်မာ့မီးရထားပို့ဆောင်ရေးလုပ်ငန်းဟာ စတင် ပြေးဆွဲခဲ့တဲ့အချိန်တုန်းက ရေနွေးငွေ့စက်ခေါင်းတွေနဲ့သာ ပြေးဆွဲခဲ့ပြီး ဒီဇယ်စက်ခေါင်း၊ လျှပ်စစ်စက်ခေါင်း စသည်ဖြင့် ပြောင်းလဲပြေးဆွဲလာခဲ့တာ ဒီနေ့ဒီအချိန်ကစလို့ ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုပြီး အများပြည်သူတွေ သက်တောင့်သက်သာ အေးအေးဆေးဆေးနဲ့ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ဖို့အတွက် လေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းနဲ့ စတင်ပြေးဆွဲတော့မှာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် - ဒါဟာ မြန်မာ့ပို့ဆောင်ရေးကဏ္ဍအတွက် ခေတ်တစ်ခေတ်ရဲ့ ကြီးမားခမ်းနားလှတဲ့ အပြောင်းအလဲတစ်ခုဖြစ်သလို အများပြည်သူအပေါ် ထားရှိတဲ့ နိုင်ငံတော် အကြီးအကဲရဲ့စေတနာကို ထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်။ အများပြည်သူတွေ သယ်ယူပို့ဆောင်ရေးမှာ မီးရထားနဲ့ ကားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရထားဟာ ကားထက် ခရီးသည်အရေအတွက်ရော၊ ကုန်စည်အရေအတွက်မှာရော ပမာဏပိုမို သယ်ယူပို့ဆောင်နိုင်တဲ့အပြင် လောင်စာဆီသုံးစွဲနှုန်းအနေနဲ့လည်း ပိုမို လျော့နည်းတာကြောင့် လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပိုမိုလျော့ပါး စေနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ Public Transportation တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါပဲ။ အခုလိုမျိုး ဘက်ထရီလျှပ်စစ်စက်ခေါင်းသုံး လေအိတ်တွဲဆိုင်းတွေ စတင်ပြေးဆွဲခြင်းအားဖြင့် လေအေးပေးစက် တပ်ဆင်ထားတဲ့ အများပြည်သူတွေ လုံခြုံစိတ်ချစွာ၊ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး ခရီးသွားလာနိုင်တဲ့အပြင် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချပေးလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျော့ပါးစေနိုင်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့တောင် ပြောရမလိုပါပဲ။" ဟု ရှင်းလင်းပြောကြားသည်။

ယခုလက်ရှိမှာတော့ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ဘက်ထရီစက်ခေါင်းသုံး လေအိတ်တွဲဆိုင်းများဖြင့် စတင်ပြေးဆွဲမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ ပြေးဆွဲဖို့ စီမံထားကြောင်း၊ နေပြည်တော်ဘူတာမှ နေ့လယ် ၁၂ နာရီမှာ စထွက်မှာဖြစ်ပြီး မန္တလေးဘူတာကို ညနေ ၅ နာရီမှာ ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးဘူတာကနေ နံနက် ၆ နာရီမှာထွက်ပြီး နေပြည်တော်ဘူတာကို နေ့လယ် ၁၁ နာရီမှာ ပြန်ဆိုက်မည်ဖြစ်ကြောင်း သိရသည်။

ဦးမြထွန်းဦးက "အဲဒီတော့ ကျွန်တော်တို့ မန္တလေးကနေ ရန်ကုန်ကို ရထားနဲ့ဆက်သွားချင်တယ် ဆိုရင် နေပြည်တော် ဘူတာကြီးမှာ ခဏတဖြုတ်နားပြီး နေ့လယ် ၁၂ နာရီထွက်တဲ့ DEMU ရထားပြောင်းပြီး ရန်ကုန်ကို ဆက်စီးသွားရုံပဲ။ ဒီလိုပဲ ရန်ကုန်ကနေဆိုရင်လည်း မနက် ၆ နာရီ ရန်ကုန်ဘူတာကြီးကနေ DEMU နဲ့ ထွက်လာ၊ နေပြည်တော်ကို နေ့လယ် ၁၁ နာရီရောက်၊ ခဏတစ်ဖြုတ်နား ၁၂ နာရီထိုး ပြန်ထွက်မယ့် အခုတွဲဆိုင်း အသစ်နဲ့ တက်လိုက်သွားရုံပဲ၊ ဘယ်လောက် အဆင်ပြေလိုက်လဲ။" ဟု ရှင်းလင်းပြောဆိုသည်။

အဆိုပါရထားတွင် လေအိတ်နဲ့ ရိုးရိုးတန်း ၂ တွဲ၊ လေအေးပေးစက်ပါ လေအိတ်နဲ့ အထက်တန်း ၂ တွဲ၊ လေအိတ် ဘရိတ်တွဲ ၁ တွဲ စုစုပေါင်း ၅ တွဲနဲ့ ပြေးဆွဲမှာဖြစ်ပြီးတော့ လက်မှတ်ခအနေနဲ့ ရိုးရိုးတန်း ၁ သောင်းခွဲ၊ အထက်တန်းဆို ၂ သောင်းပဲ ကျသင့်မည်ဖြစ်သည်။ 

ရထားလက်မှတ်များကို တယ်လီဖုန်းနဲ့ ၅ ရက် ကြိုတင်မှာယူပြီး MMQR စနစ်နဲ့ အွန်လိုင်းကတစ်ဆင့် ငွေပေးချေ ဝယ်ယူနိုင်ပြီး သက်ဆိုင်ရာဘူတာတွင် အထက်တန်း ၃ ရက်၊ ရိုးရိုးတန်း ၁ ရက် ကြိုတင်ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ‌‌ြဘေက်ထရီစက်ခေါင်းသုံး လေအေးပေးစက် တပ်ဆင်ထားသော လေအိတ်တွဲဆိုင်းများဖြင့် စတင်ပြေးဆွဲသည့် ခရီးစဉ်ကို လိုက်ပါစီးနင်းသွားကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)