တောင်ကြီးမြို့၌ (၃၄)ကြိမ်မြောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့၌ (၃၄)ကြိမ်မြောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ဆွေးနွေးပွဲကျင်းပ




တောင်ကြီး   ၊  နိုဝင်ဘာ   ၂၂

(၃၄)ကြိမ်မြောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပခဲ့သည်။ဦးစွာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကချမှတ်ပေးလိုက်သည့် ဦးတည်ချက်(၆)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၁၅)ရပ် ကိုအောင်မြင်အောင်  အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဓိကကျတဲ့ မိခင်နှင့်ကလေးများရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေးကြရန် အလေးနက်တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်မိုးလှိုင်မှ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင်ချမှတ်ခဲ့သော  အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း လုပ်ငန်းဆောင် ရွက်မှုအစီရင်ခံစာများကို ခရိုင်၊ မြို့နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ရှင်းလင်းတင်ပြကြရာ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်စိုးပပက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များအပေါ် ခြုံငုံသုံးသပ်ခြင်းနှင့် နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)