ကြက်ဟင်းခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစု တစ်ဖက်တလမ်းမှ ဝင်ငွေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြက်ဟင်းခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစု တစ်ဖက်တလမ်းမှ ဝင်ငွေရ




ကျောက်ဆည် ၊  နိုဝင်ဘာ ၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြရာ ကြက်ဟင်ခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့်  မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကြက်ဟင်ခါးသီးနှံစိုက်ပျိုးပါက သဘာဝမြေဩဇာဖြစ်သည့် နွားချေးများဖြင့် စိုက်တိုင်းကျ မြေပြုပြင်ပြီး  (၈)ပေခန့်အကွာ တိုင်များစိုက်ပြီး တိုင်အခြေတွင် မျိုးစေ့များ တိုက်ရိုက်စိုက်ပျိုးပြီး (၅)ပေအမြင့်ရှိ စင်များပြုလုပ်ကာ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်အကြာ အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့်ဖြူးပေးကာ ရေတင်ပေးပြီး ပင်စည်များအား တိုင်နှင့်ကြိုးချည် ပေးရကြောင်း၊  စိုက်ပျိုးပြီးရက်ပေါင်း(၃၀)ခန့်တွင် အပွင့်များစတင်ပွင့်လာကြပြီး (၄၅)ရက်သားတွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း သိရှိရသည်။


ဘို့တစ်ထောင် ကြက်ဟင်းခါးမျိုး (၀.၅၀)ဧက စိုက်ပျိုးထားပါက (၃/၄)ရက်တစ်ကြိမ်  ခူးဆွတ်ရောင်းချ နိုင်ကြောင်း၊ စတင်ခူးချိန်တွင် အချိန်(၂၅)ပိဿာခန့်ခူးဆွတ်ရပြီး အသီးဖြိုင်ချိန်တွင် (၁၄၀) ပိဿာအထိခန့် ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရသည့်သက်တမ်းမှာ အပင်အပြုအစုပေါ်မူတည်ပြီး (၅)လ၊(၆)လခန့် ခူးဆွတ် ရောင်းချရကြောင်း ကြက်ဟင်ခါးစိုက်ပျိုးရောင်းချသည့် ရန်ပုံနှစ်ကျေးရွာမှ တောင်သူဦးမြင့်မောင်က ပြောပြ၍ သိရှိရပြီး စိုက်ပျိုးရာတွင်အသုံးပြုသည့် တိုင်နှင့်ဝါးများသည် အခင်းဖျက်သိမ်းပါက ပြန်လည်သိမ်းဆည်ထားပြီး (၄)ကြိမ်အထိ ပြန်လည်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ် နည်းပါးပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ခြင်း၊ အကျိုးအမြတ်များခြင်းတို့ကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)