မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုကျောင်းများသို့ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုကျောင်းများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်




မော်လမြိုင်  ၊ နိုဝင်ဘာ ၆


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဧရိယာ ၁၃ဒသမ၉၉ ဧက အတွင်း အဆင့်မြင့်အပန်းဖြေဥယျာဉ်နှင့် ကစားကွင်းစီမံကိန်းဆောင်ရွက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြား​ရေးမှူးနှင့် Mawlamyine Development Co.Ltdမှ မန်နေဂျင်း ဒါရိုက်တာတို့က Zone-A/ Zone-B/ အတွင်း ပန်းအလှစိုက်ပျိုးခြင်း၊ In-door Amusement Park စတင်တည်ဆောက်ခြင်း၊ ပန်းခြံအတွင်း အလှပန်းပင်များ စိုက်ပျိုးပုံဖော်ခြင်း၊ အလှဆင်ပန်းခြင်းနှင့် ပန်းခုံးများပြုလုပ်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ အရိပ်ရပင်များစိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။


ဆက်လက်၍ ရှင်းလင်းဆောင်၌ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် Mawlamyine Development Co.Ltdမှ မန်နေဂျင်းဒါရိုက်တာတို့က သံလွင်ဥယျာဥ်ပန်းခြံအဆင့် မြှင့်တင်နေမှု၊ Night Market တည်ဆောက်ခြင်း၊ Promotion Area ကွန်ကရစ်ခင်းခြင်းနှင့်အဝင်ဂိတ်တည်ဆောက်ခြင်း၊ ပြေးလမ်း၊ စက်ဘီးလမ်းတည်ဆောက်ခြင်း၊ ကလေးကစားကွင်းနှင့် ကျန်းမာရေးအထောက်အကူပြုကိရိယာများတပ်ဆင်ခြင်း၊ မြေယာရှုခင်းများ ပြင်ဆင်ထားရှိမှု၊ ရေပန်းများ၊ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု၊ ပန်းခြံအတွင်းရေတွင်းများ သန့်ရှင်မှုရှိစေရေးဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများစိတ်အေးချမ်းမြေ့စွာအပန်းဖြေ အနားယူနိုင်ရေး၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများစနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ထားရှိရေး၊သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌ေရးဆောင်ရွက်ရန်မှာကြား၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး အ‌လေးထားဆောင်ရွက်လျက်ရှိရာ  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုလျှောက်ထားလာသော အခြေခံပညာကျောင်းများသို့ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် ပြည်နယ်အတွင်းကျောင်းပေါင်း(၃၀) ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြုလျှောက်ထားခဲ့ရာ ကျောင်းဖွင့်ရာသီအတွင်း (၃)ကြိမ် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အထက်တန်းနှင့် မူလတန်းခွဲ၍  ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ပြည်နယ်အဆင့်ပထမဆုရရှိသည့် ကျောင်းများကို အမျိုးသားအဆင့် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်ရေးအစီအစဉ်သည် ပတ်ဝန်းကျင်အပေါ်တန်ဖိုးထားသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရန်၊ လူငယ်များအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် သဘာဝပတ်ဝန်းကျင်ကိုလေးစားတန်ဖိုးထားတတ်သည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် အထောက်အကူပြုစေမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားသော အခြေခံပညာကျောင်းများအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများလက်စွဲစာအုပ်နှင့်အမှိုက်ပုံးများ ပေးအပ်သည်။


ယင်းနောက် ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်  ဆရာများလက်စွဲစာအုပ်နှင့် အမှိုက်ပုံးများအား ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့‌ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)