နိုဝင်ဘာ - ၁၉ ( ဗုဒ္ဓဟူးနေ့ )
မကြာမီကာလအတွင်းတွင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ် ခရီးသွားလာမှုကို မိတ်ဆက်သွားမှာဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံသားများအား အလားတူအခွင့်အရေးများပေးရန် တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းကိုလည်း ပြောသွားပါတယ်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ အကြီးအကဲအဖြစ်နဲ့ တရုတ်ဝန်ကြီးချုပ် လီကင်းက ရုရှားနိုင်ငံ မော်စကိုမြို့တွင် သမ္မတပူတင်နဲ့တွေ့ဆုံစဉ်မှာ ပူတင်က ကြေညာလိုက်တာပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုရန် ဘေဂျင်းရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အတွက် ရုရှားဘက်ကလည်း တရုတ်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပြန်ပေးမယ်လို့ ပြောလိုက်တာပါ။
"ရုရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံသားတွေအတွက် အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတွေဟာ မကြာခင်မှာ ကျွန်တော်တို့ဘက်ကနေ အသက်ဝင်လာမှာပါ" လို့ ၎င်းကဆိုပါတယ်။
တရုတ်က ရုရှားခရီးသွားများအတွက် တစ်နှစ်အစမ်းဗီဇာကင်းလွတ်ခွင့်ကို စက်တင်ဘာလတွင် စတင်ခဲ့ပါတယ်။ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသားများ တိုးလာကာ ခရီးသွားစာရင်းဇယားများတွင် အပြောင်းအလဲကို ပြသထားနိုင်ကြောင်း ရုရှား ဒူးမားလွှတ်တော် ခရီးသွားလုပ်ငန်းကော်မတီ၏ လက်ထောက်ဥက္ကဋ္ဌ က ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment