ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ




ကျွန်းလှ  ၊ နိုင်ဝင်ဘာ ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်ယာလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်မွေးမြူခြင်းဖြင့် တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

“ဝက်သားပေါက်မွေးမြူရာမှာ မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် မွေးကင်းစမှစ၍ ရောဂါကင်းစင်ပြီး သန်မာကြီးထွစေရန် စနစ်တကျမွေးမြူကြရပါတယ်။ ဝက်သားပေါက်များကို ၃၅ ရက်သားအရွယ်မိခင်နဲ့သားခွဲပြီး ၄၅ ရက်သားအရွယ် စတင်‌ရောင်းရပါတယ်။ သားပေါက်ဝက်မကြီးပေါ်မူတည်ပြီး တစ်သားကို ၁၀ ကောင်မှ ၁၅ ကောင်ထိ သားပေါက်ပါတယ်။ ဝက်သားပေါက် အကြီးအသေးပေါ်မူတည်ပြီး တစ်ကောင်ကို ငွေကျပ် ၃၅၀,၀၀၀ မှ ၃၀၀,၀၀၀ ရောင်းရပါတယ်” ဟု ဝက်သားပေါက်မွေးမြူသူ ဦးသက်ဇော်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းအဖြစ် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွားတို့ မွေးမြူကြကြောင်း၊ ထွက်ရှိသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား လယ်ယာမြေများအတွက် သဘာဝမြေဩဇာအဖြစ် အသုံးပြုကြကြောင်း သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)