ရမည်းသင်း ၊ နိုဝင်ဘာ ၆
ရမည်းသင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး လက်တွေ့စမ်းသပ် လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဌ ဦးမောင်ရွှေသိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနည်းကို လက်တွေ့ စမ်းသပ်လေ့ကျင့်ခဲ့သည်။ အဆိုပါလက်တွေ့စမ်းသပ်လေ့ကျင့်မဲပေးခြင်းအပေါ် ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment