ပေါင်းတည်အကျဉ်းထောင်၌ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်း ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်အကျဉ်းထောင်၌ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်း ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်




ပေါင်းတည်  ၊ နိုဝင်ဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အကျဉ်းထောင်၌ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပြည်ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့်ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၅ ရက်က အကျဉ်းသား ၁၂၄ဦး၊အကျဉ်းသူ ၂၀ ဦး စုစုပေါင်း ၁၄၄ ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများအား ကွင်းဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ၌ တီဘီရောဂါဖြစ်ပွားသူ ၃ ဦး နှင့်သလိပ်စစ်ဆေးရန်လိုအပ်သည့် တီဘီသံသယလူနာ ၁၅ ဦး စစ်ဆေး ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ တီဘီရောဂါဖြစ်ပွားသူ ၃ ဦးအား တီဘီရောဂါကုသဆေးများဖြင့် စတင်ကုသပေးလျက်ရှိပြီး သလိပ်စစ်ဆေးရန်လိုအပ်သည့် တီဘီရောဂါဖြစ်ပွားသူ ၃ ဦးနှင့် တီဘီသံသယလူနာ ၁၅ ဦး၏ သလိပ်နမူနာများကို နိုဝင်ဘာ ၆ ရက်တွင် ပြည်မြို့သို့ ပို့ဆောင်၍ GeneXpert စက်ဖြင့် တီဘီရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပေါင်းတည်အကျဉ်းထောင်တွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်းကွင်းဆင်း‌ ဆောင်ရွက်မှုများအား နိုဝင်ဘာ ၅ရက် မှ နိုဝင်ဘာ၈ ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)