အင်ဒိုနီးရှားစစ်တပ်က ၂၀၂၉ မှာ တိုက်ခိုက်ရေး တပ်ရင်းပေါင်း ၇၅၀ ပြည့်တဲ့အထိ တိုးချဲ့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်ဒိုနီးရှားစစ်တပ်က ၂၀၂၉ မှာ တိုက်ခိုက်ရေး တပ်ရင်းပေါင်း ၇၅၀ ပြည့်တဲ့အထိ တိုးချဲ့မယ်


နိုဝင်ဘာ - ၃ ( တနင်္လာနေ့ )

အင်ဒိုနီးရှားစစ်တပ်က ပဋိပက္ခဖြစ်ပွားလေ့ရှိသော ဒေသများတစ်လျှောက်တွင် ဗျူဟာမြောက် အမျိုးသားကာကွယ်ရေး အားကောင်းစေရန်အတွက် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၉ခုနှစ်ရောက်ပါက တိုက်ခိုက်ရေး တပ်ရင်း ၇၅၀ ပြည့်မီအောင် ဖွဲ့စည်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။ 

“လက်ရှိမှာ နယ်မြေခံ တိုက်ခိုက်ရေး တပ်ရင်း ၁၀၅ ရင်း ရှိပါတယ်။ နောက်နှစ်မှာ တပ်မတော်ပိုင်မြေကို အသုံးပြုပြီး တပ်ရင်းတွေကို ထပ်ပြီး တိုးချဲ့ထူထောင်သွားပါမယ်” လို့ တပ်မတော် သတင်းပြန်ကြားရေးဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဒွန်နီပရာမိုနို  က တနင်္ဂနွေနေ့ ပြောသွားပါတယ်။ 

ဒွန်နီရဲ့အဆိုအရ အဆိုပါတပ်ရင်းများသည် စစ်ဘက်ဆိုင်ရာလုပ်ငန်းများသာမက စိုက်ပျိုးရေးနယ်မြေသစ်များ တိုးချဲ့ခြင်းနဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ပူးပေါင်းပြီး တိုင်ပြည်ရဲ့ အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်မှုတွေကို ပံ့ပိုးပေးခြင်းကဲ့သို့သော ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ 

နယ်မြေပိုင်ဆိုင်မှုကို တိုးချဲ့ခြင်းဖြင့် တပ်မတော်သည် ဒေသတွင်း ကြံ့ကြံ့ခံနိုင်ရည်ရှိရေး နဲ့ ရပ်ရွာလူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပဏာမခြေလှမ်းများကို ပံ့ပိုးပေးရင်း အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ 


Ref: JAKATA GLOBE

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)