ယူကရိန်း ငြိမ်းချမ်းရေးကို ရုရှား- အမေရိကန် ကြိတ်လုပ်ပြီးမှ အသိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း ငြိမ်းချမ်းရေးကို ရုရှား- အမေရိကန် ကြိတ်လုပ်ပြီးမှ အသိပေး


နိုဝင်ဘာ - ၂၀ ( ကြာသပတေးနေ့ ) 

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး အဆိုပြုချက်အသစ်ကို အမေရိကန်က လျှို့ဝှက်လုပ်ဆောင်နေကြောင်း အဇီရော့ သတင်းဌာနက  အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။ အဆိုပါ မူကြမ်းကို မော်စကိုနှင့် အနီးကပ် ညှိနှိုင်းပြီး ပြင်ဆင်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်နေပြီး ယူကရိန်း နဲ့ ၎င်းရဲ့ ဥရောပ ကျောထောက်နောက်ခံများထံ အဆိုပြုတင်ပြထားပြီး ဖြစ်ပါတယ်။ 

သတင်းဌာနရဲ့အဆိုအရ၊ လက်ရှိ အဆိုပြုချက် ၂၈ ချက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့  ရုရှားသမ္မတဗလာဒီမာပူတင် တို့ သြဂုတ်လတုန်းက အလက်စကာမှာ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ အခြေခံမူများအပေါ်မှာ ရေးဆွဲထားတာပဲဖြစ်ပါတယ်။  

ရုရှား အကြီးတန်း စေ့စပ်ညှိနှိုင်းရေးမှူး ကီရေး ဒီမီထရေ့ က အောက်တိုဘာလနှောင်းပိုင်းတွင် အမေရိကန်သို့ လာပြီး ထရမ့်ရဲ့ သံတမန် စတိဝစ်ကောဖ် နဲ့ တွေ့ဆုံကာ အဲ့ဒိမူကြမ်းကို သုံးရက်ကြာ ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းဌာနက ဆိုပါတယ်။ 

ဝစ်ကောဖ်က ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူး ရူစတမ် ယူမာရောဗ် နဲ့ ယခုသီတင်းပတ်အတွင်း စာရွက်စာတမ်းမူကြမ်းကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူမာရောဗ်က ကိုယ်တိုင်က နိုင်ငံပိုင်နျူကလီးယားစွမ်းအင်ကုမ္ပဏီတစ်ခုနဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ခံထားရတဲ့ သမ္မတဇီလန်စကီး ရဲ့မိတ်ဆွေ တီမာမင်ဒစ်နဲ့ အဆက်အသွယ်တွေရှိနေခဲ့လို့ အမေရိကန်မှာ လာနေထိုင်နေရတာပါ။ ယူကရိန်းမီဒီယာတွေအဆိုအရ ယူမာရောဗ် က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မင်းဒစ်ရဲ့ သြဇာလွှမ်းမိုးမှု ခံနေခဲ့ရတယ်လို့ ဖောက်ချထားတဲ့ အတွက် ယူမာရောဗ်က ယူကရိန်း ကို ပြန်လာဖို့ ငြင်းဆိုထားပါတယ်။ 

ငြိမ်းချမ်းရေး အစည်းအဝေးလုပ်ဖို့အတွက် နဲ့ သဘောတူညီမှုတွေ လုပ်ဖို့ရာက အဲ့ဒိအရှုတ်တော်ပုံတွေကို ဝစ်ကော့ဖ်က ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး လို့ သတင်းဌာနက ဆိုပါတယ်။

 

REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)